News

Chipများထုတ်လုပ်ရာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီက Appleနဲ့ Samsungရဲ့ မိတ်ဖက်အဖြစ် လက်တွဲ ဆောင်ရွက်မည်

TSMC

Apple အနေနှင့် လက်ရှိမှာ စမတ်ဖုန်းလောကမှာ Samsungရဲ့ ပြိုင်ဘက်ကနေပြီးတော့ ခွဲထွက်ခဲ့တာကတော့ ထူးဆန်းမှာ မဟုတ်ပါဘူး။ လေ့လာသူများကတော့ Appleရဲ့ Switch ကောင်းကွက်တွေကို ပိုမိုပြည့်ဝစေဖို့ Taiwan Semiconductor Manufacturing Co.က စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ နောက်လာမည့်နှစ်မှာတော့ Samsaung အနေနှင့် Apple အတွက် Chipများကိုတော့ ဆက်လက် ထောက်ပံ့ပေးနေမှာပဲ ဖြစ်ပါတယ်။

အဆိုပါ ကုမ္မဏီဟာ ကမ္ဘာ့အကြီးဆုံး Chipများ ထုတ်လုပ်ရာ ကုမ္ပဏီဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ဆိုရင်တော့ Apple ကုမ္ပဏီအနေနှင့် TSMCရဲ့ (၈)ရာခိုင်နှုန်းကို ရယူလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ အကယ်၍များ Apple ကုမ္ပဏီက သူ့လိုအပ်ချက်အတိုင်း TSMCမှ ထုတ်လုပ်တဲ့ Chipရဲ့ ၆၀ရာခိုင်နှုန်းကိုသာ ဝယ်ခဲ့လျှင် TSMCရဲ့ ဝင်ငွေဟာ ၁၅ရာခိုင်နှုန်းအထိ တိုးတက်လာမှာ ဖြစ်ပါတယ်။ TSMCရဲ့ ရင်းနှီးမှုအများစုဟာ ငလျင် ဖြစ်ပွားလေ့ရှိတဲ့ ထိုင်ဝမ်မှာသာ ရှိသော်လည်း အနာဂတ်အတွက်တော့ အဆိုပါ နေရာဟာ လုပ်ငန်းအောင်မြင်မှုကို ထောက်ပံ့ဖို့ အကောင်းဆုံး နေရာပါပဲ။

TSMCသည် Washingtonရှိ Camasတွင် စက်ရုံတစ်ခုရှိပြီး စက်ရုံများကို ဖြန့်ကျက် တည်ထောင်နိုင်ဖို့ အတွက် အမြဲတစ်စေ အားထုတ်လျက် ရှိကြောင်း၊ U.Sသည် အဆိုပါ နေရာများထဲမှ တစ်ခုဖြစ်ကြောင်း TSMC၏ ဥက္ကဋ္ဌဖြစ်သူ Morris Changက ဒီဇင်ဘာလ ၁၄ရက်နေ့တွင် ပြောကြားခဲ့ပါတယ်။ Morris Changက အထက်ပါအတိုင်း မပြောခင်က ရက်သတ္တပတ်အတွင်းက Appleမှ Chief Executive ဖြစ်သူ Tim Cookက “Mac ကွန်ပျူတာအချို့ကို U.S နိုင်ငံအတွင်း ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ဖို့ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

Washington စက်ရုံမှလွဲ၍ ထိုင်ဝမ် ကုမ္ပဏီအများစု အနေနှင့် ထုတ်လုပ်ရေး လုပ်ငန်းခွင်ပေါင်း (၁၀)ခုကို ထိုင်ဝမ်နိုင်ငံ တစ်ခွင်မှာ ဖြန့်ကျက်ထားနိုင်ခဲ့ပါတယ်။ ထောက်ပံ့ရေးစက်ရုံ တစ်ခုချင်းကို စင်ကာပူနှင့် ရှန်ဟိုင်းမှာ တည်ထောင်ထားပါတယ်။

Ref: blogs.wsj.com

Leave a Reply

Your email address will not be published. Required fields are marked *