News

အခြေခံဥပဒေကို လွှတ်တော်ပြင်ပ၌သာ ပြင်ဆင်သင့်ကြောင်း ပြော

Constitution Law

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်ရာတွင် ဒီမိုကရေစီ နည်းလမ်းတကျ ဖြစ်စေရန်အတွက် လွှတ်တော် ပြင်ပ၌သာ ညီလာခံတစ်ရပ် ခေါ်ယူ ပြင်ဆင်သင့်ကြောင်း၊ ရခိုင်အမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်ဟု သိရသည်။ ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမ၌ ဇွန်လ ၃၀ရက်နေ့က ပြုလုပ်သော ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲ (၈/ ၂၀၁၃) ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့၏ အမြင် ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။

“ကျွန်တော့်အမြင်ကတော့ လွှတ်တော်ထဲမှာထက် လွှတ်တော်ပြင်ပမှာ ပြင်တာ ပိုကောင်းပါတယ်။ လွှတ်တော်ထဲမှာ ပြင်မယ်ဆိုရင် ဘယ်လိုမှ ပြင်လို့မရတဲ့ ပုဒ်မတွေ အများကြီး ရှိပါတယ်။ လွှတ်တော်ထဲမှာ ပြင်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီဖွဲ့စည်းပုံကို လွှတ်တော်က တာဝန်ယူပြီး ရေးဆွဲတာလည်း မဟုတ်ပါဘူး။ လွှတ်တော်ရဲ့ ပြင်ပမှာ ရှိတဲ့ ညီလာခံလို့ ခေါ်တဲ့ နေရာကနေ ပြင် တာ၊ ရေးဆွဲထားတာ ဖြစ်ပါတယ်”ဟု ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၎င်းက ယင်းဖွဲ့စည်းပုံ၏ မူလလာရာ နေရာမှာ ညီလာခံမှ ဖြစ်ပြီး ဖွဲ့စည်းပုံ ပြန်ပြင်ရန်မှာလည်း ညီလာခံကို ပြန်လည်ခေါ်ယူသင့်ကြောင်း ပြောကြားသည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *