Education

STDY AROAD Information Centerမှ တစ်ဆင့် MBA Scholarshipများလည်း ရယူနိုင်

မြန်မာကျောင်းသား၊ ကျောင်းသူတို့ အရွေးများလျှက်ရှိသော Kaplan Higher Education Academyတွင် (၂၀၁၃)ခုနှစ်၏ နောက်ဆုံး ကျောင်းဖွင့်ချိန် တစ်ခုဖြစ်သော December Intakeအမှီ တက်ရောက်လိုသူများ အနေနှင့် Kaplan၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဖြစ်သော STUDY ABROADမှ တစ်ဆင့် ကျောင်းလျှောက်ထားနိုင်ပြီး MBA တက်ရောက်လိုသူများ Special Scholarshipအနေနှင့် SBD 2,000ကို လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Kaplanမှာ Singaporeနိုင်ငံ အစိုးရ အသိအမှတ်ပြု Edu- Trust (4)နှစ် ရရှိထားပြီး Diploma ပြီးဆုံးပြီး Bachelorတန်းသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ အတွက်လည်း သီးသန့် ပညာသင်ဆုများ ထားရှိ ပေးထားပါသည်။ Kaplan၏ Partner Universitiesများအဖြစ် Australiaတွင် Murdoch University, UKတွင် University of London, Royal Holloway University, Nothumbria University of Portsmouth, University of Bradfordshireတို့နှင့် ချိတ်ဆက်ထားပြီး Irelandတွင် University College Dublinတို့နှင့် ချိတ်ဆက်ထားပါသည်။

Kaplanတွင် Business ဘာသာရပ်များ၊ ITဘာသာရပ်များ၊ Tourism & Hospitality ဘာသာရပ်များကို စုံလင်စွာ ရွေးချယ် တက်ရောက်နိုင်မည် ဖြစ်ပါသည်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူများ အနေနှင့် လျှောက်ထားနိုင်ပြီး အင်္ဂလိပ်စာ လိုအပ်ချက် အနေနှင့် IELTS(5.5)ရှိရန် လိုအပ်ပါသည်။ IELTSမရှိသေးတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနှင့် English Placement Testကို  STUDY ABROADရုံးခန်းတွင် ဖြေဆိုနိုင်မည် ဖြစ်ပါသည်။ LCCI Level(3) အောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအနေနှင့် IELTSမလိုဘဲ Bachelor Degreeတန်းကို တိုက်ရိုက်တက်ရောက်နိုင်မည် ဖြစ်ပါသည်။

Partner University အသစ်တစ်ခု ဖြစ်သော University of Bradfordshire၏ Decemberကျောင်းဖွင့်ချိန်ကို လျှောက်ထားလိုသည့် ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ Special Scholarship SGD 2,000ကို ရရှိနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ Master of Business Administration (MBA)ဘွဲ့ကို ရယူနိုင်မည်ဖြစ်ပြီး (၁)နှစ် တက်ရောက်ရမည် ဖြစ်သည်။

အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး အသေးစိတ် စုံစမ်း သိရှိလိုသည်များ ရှိပါက STUDY ABROAD Information Centre ဒိုင်းမွန်းကွန်ဒို၊ တိုက်(အေ)၊ (၁၁)လွှာ၊ အခန်းအမှတ် (၁၁၀၃)၊ ပြည်လမ်း (မေတ္တာဦးဆေးခန်းအနီး)။ ဖုန်း- ၀၉ ၅၁၅၁၀၀၈၊ ၀၉ ၇၃၂၄၂၄၀၄သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပြီ ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *