News

29th International Short Film Festival Berlinတွင် ပြသရန် Burmese Butterfly မှတ်တမ်းဇာတ်ကား ရွေးချယ်ခံရ

29th International Short Film Festival Berlinတွင် ပြသရန်အတွက် Burmese Butterfly မှတ်တမ်းဇာတ်ကားကို ရွေးချယ်ခံရသည်ဟု သိရပါသည်။ အဆိုပါ ရုပ်ရှင်ပွဲတော်ကို နို၀င်ဘာ ၁၂ရက်မှ ၁၇ရက်အထိ ဘာလင်မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ဇာတ်ကားပြသမှု ယှဉ်ပြိုင်မှုနှင့် ဆုရွေးချယ်ချီးမြှင့်မှု အစီအစဉ်များ ပါ၀င်မည်ဟု သိရသည်။ “ဘာလင်ဇာတ်ကားတို ရုပ်ရှင်ပွဲတော်က ပြိုင်ပွဲ၀င် ဇာတ်ကားတွေ ဖိတ်ခေါ်တယ်ဆိုတာနဲ့ ၀င်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။ ရွေးချယ်ခံရမယ်လို့တော့ မျှော်လင့်မထားပါဘူး။ ဘာပဲဖြစ်ဖြစ် ၀င်ရောက်ယှဉ်ပြိုင်ကြည့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပဲ ပြိုင်ဖြစ်သွားတာ။ အခုလို ရွေးချယ်ခံရတဲ့အတွက် ၀မ်းသာပါတယ်”ဟု အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ပြသရန်အတွက် ရွေးချယ်ခံရသည့် Burmese Butterfly မှတ်တမ်းဇာတ်ကား၏ ဒါရိုက်တာ နှင်းအိလှိုင်က ရှင်းပြခဲ့သည်။

29th International Short Film Festival Berlinတွင် ပြိုင်ပွဲ၀င်ကဏ္ဍ ခုနှစ်ခုနှင့် ဇာတ်ကားရွေးချယ်ပြသခြင်း၊ ကဏ္ဍများ ပါ၀င်မည်ဖြစ်ပြီး ဖွင့်ပွဲကို အောက်တိုဘာ ၁၂ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ ယှဉ်ပြိုင်မှုကဏ္ဍတွင် International Competition, Confrontations Competition, Documentary Competition, Eject Competitionများ ပါ၀င်မည်ဟု သိရသည်။ Burmese Butterfly မှတ်တမ်းဇာတ်ကားသည် အသက် ၂၁နှစ်အရွယ်ရှိ ဆံပင် အလှပြင်ပညာ လေ့လာလိုက်စားနေသူ မိန်းမလျာဖြိုးလေး၏ ဘ၀ရပ်တည်ရမှုနှင့် လူ့အသိုင်းအ၀ိုင်းအတွင်း နေထိုင်ရမှု အခြေအနေများကို ပုံဖော်ရိုက်ကူးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *