Review

Brother အမှတ်တံဆိပ်ရဲ့ထူးခြားချက်များ

Brother စက်မှုလုပ်ငန်းများလီမိတက်ဟာ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့မှာ အခြေစိုက်ထားပြီး နိုင်ငံပေါင်းစုံအီလက်ထရောနစ်နဲ့ လျှပ်စစ်ပစ္စည်းအမျိုးမျိုးထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

Brother ကနေ printers မျိုးစုံ၊ desktop ကွန်ပျူတာ၊ label သီးသန့် printers နဲ့ ဖက်စ်၊ ကွန်ပျူတာနဲ့ဆက်စပ်တဲ့အီလက်ထရောနစ်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။

Brother ဟာ သူ့ကိုယ်ပိုင်အမှတ်တံဆိပ်အမည်နဲ့ရော တခြားကုမ္ပဏီတွေနဲ့ပါ မူလထုတ်လုပ်သူသဘောတူညီချက်(OEM)ရယူပြီး သူ့ရဲ့ထုတ်ကုန်တွေကို ကမ္ဘာတလွှား ဖြန့်ချိရောင်းချပါတယ်။

Brother ရဲ့ မူလအစဟာ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့က Yasui အပ်ချုပ်စက်လုပ်ငန်းအဖြစ် ၁၉၀၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်တွေမှာ Brother ဟာ ဂျပန်လုပ် အပ်ချုပ်စက်တွေအပြင် Joysound ကာရာအိုကေစက်တွေနဲ့ ပုံနှိပ် printers အမျိုးမျိုး၊ label printers နဲ့ အထည်ချုပ်လုပ်ငန်းသုံးတံဆိပ်ရိုက်စက်တို့ကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်၊ နွေဦးကာလမှာ စက္ကူဆိုက် A3 နဲ့ A4 အချိုးနှစ်မျိုး တို့အကြား ပေါင်းစည်းပေးတဲ့စနစ်ကို Brother က ဥရောပမှာ စတင်မိတ်ဆက်နိုင်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှာ Brother ဟာ Nefsis နည်းပညာကော်ပိုရေးရှင်းကို ဝယ်ယူခဲ့ပါတယ်။

ဂျပန်လုပ် Brother printers တွေရဲ့ ထူးခြားကောင်းမွန်မှုတွေကတော့ အကြမ်းခံခြင်း၊ မီးအားအတက်အကျခံနိုင်ရည်ရှိခြင်း၊ မင်ကျမင်န သေသပ်လှပခြင်းနဲ့ ပုံနှိပ်အရည်အသွေးပြည့်မီခြင်းတို့ပဲဖြစ်ပါတယ်။

Brother အမှတ်တံဆိပ်နဲ့ နောက်ဆုံးပေါ် Printers, Toner, Ink Cartridge စတဲ့ပစ္စည်းမျိုးစုံကို ICT.com.mm ကနေ ထိုင်ရာမထ အခုပဲ ဝယ်ယူလို့ရပါပြီ။

https://www.ict.com.mm/brand/brother/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *