News

SP GEMS၏ ၂၀၁၃ လက်၀တ်ရတနာ အထူးရောင်းချပွဲ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း (၇)မိုင် အမှတ် ၃၀ (အေ)တွင် ဖွင့်လှစ်ထားသော SPGEMS & JEWBLLERY SHOW ROOMမှ ၂၀၁၃ လက်၀တ်ရတနာ အထူးရောင်းချပွဲကို ၂၀၁၃ အောက်တိုဘာ ၄ရက်မှ ၆ရက်အထိ (နံနက် ၈း၃၀မှ ညနေ ၆နာရီအတွင်း) (၃ရက်တည်းသာ) ကျင်းပပြုလုပ် သွားမည်ဟု သိရသည်။ အဆိုပါပွဲတွင် SP GEMS၏ နိုင်ငံတကာအဆင့်မီ လက်ရာဖြင့် ဖန်တီးထုတ်လုပ်ထားသော ကမ္ဘာအကျော်ကြားဆုံး မြန်မာ့သဘာ၀တွင်းထွက် ပတ္တမြား၊ နီလာနှင့် စိန်ထည်လက်၀တ်ရတနာ ဒီဇိုင်းသစ်များကို ရောင်းချပေးသွားမည် ဖြစ်ပါသည်။

၂၀၁၃ခုနှစ်အတွင်း ၀ယ်ယူအားပေးသူများ၏ အထူးအခွင့်အရေးအဖြစ် “အထိုက်တန်ဆုံး ဈေးနှုန်း” (50% Off)ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်းနှင့် သိရှိလိုသည်များကို Hot Line: 01-660-397, 654-398, 654-399နှင့် Email: [email protected] တို့ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *