News

တောင်ကိုရီးယား စာမေးပွဲမေးခွန်းထုတ်သူများ လုံခြုံရေးတင်းကျပ်စွာဖြင့် အကျယ်ချုပ်ထား

တောင်ကိုရီးယား နိုင်ငံ၌နှစ်စဉ်အောက်တိုဘာလတွင် တောင်ကိုရီးယားဆရာ၊ ဆရာမများနှင့်ပါမောက္ခ များကို စာမေးပွဲမေးခွန်းလွှာထုတ်ရန်တင်းကျပ်စွာ သီးခြားအကျယ်ချုပ်ဖြင့် ထားရှိသည်ဟုသိရသည်။

အေအက်ဖ်ပီ သတင်းဌာန၏ ဖေါ်ပြချက်အရတောင်ကိုရီးယားတွင် နှစ်စဉ် နေ့ကျောင်းစာမေးပွဲ ဖြေဆိုမှု အပြင်အရပ်ဒေသ မသိရသော အေ၀းရောက် စာမေးပွဲဖြေဆိုသူမှာ အယောက် ၇၀၀ခန့်ရှိသည်ဟုသိရသည်။ တောင်ကိုရီယား ပညာရေးဌာန၏ ပြောကြားချက်အရ မေးခွန်းထုတ်သည့် ဆရာဆရာမများနှင့် ပါမောက္ခ များကိုနိုင်ငံ တစ်၀န်းသင်္ချာဘာသာမှ အင်္ဂလိပ်ဖြေကြားပြီးချိန်အထိ မေးခွန်းပေါက်ကြားခြင်း မရှိရန်အတွက် လျှို့ဝှက်သောနေရာတွင် တင်းကျပ်သော စောင့်ကြည့်မှုနှင့်အကျယ်ချုပ် ထားရှိပြီးယင်းသို့မေးခွန်း ထုတ်ပေးသည့် အတွက်ဒေါ်လာ ၁၀၀၀၀(တစ်သောင်း) လုပ်အားခရရှိသည် ဟုဆိုသည်။

အမည်မဖေါ်သောစာမေးပွဲမေးခွန်းထုတ် ခဲ့ဖူးသူတစ်ဦးက၄င်းတို့အား၀င်းခတ်ထားသော အဆောက်အအုံ အတွင်းလုံခြုံရေး ကင်မရာများဖြင့် စောင့်ကြည်လျက်ရှိပြီး ဖုန်းများနှင့်အင်တာနက် အဆက်အသွယ် များကိုသိမ်းဆည်းကာ လုံး၀သုံးစွဲခွင့်မပြုဟုဆိုသည်။ ထို့အပြင် မိသားစုများနှင့်ဆက်သွယ် ရန်အကြောင်းရှိ လာပါကလည်း အစောင့်များမှတစ်ဆင့် သာမှာကြားနိုင်ပြီး အစားအသောက်များမှ အမှိုက်စက္ကူစများကို ပင်လိုက်လံစစ်ဆေးမှု ပြုသည်ဟုသိရသည်။ ကျန်းမာရေးစောင့်ရှောက်မှု အတွက်လည်းသီးခြား ဆရာ၀န်ထားရှိ ပြီးလိုအပ်သည်ထက် စကားပြောဆိုခွင့်မရှိပဲ အစောင့်တစ်ဦးက လိုက်လံစောင့်ကြပ်လျက်ရှိသည်ဟု ဆိုသည်။

၂၀၁၃ ခုနှစ်နိုင်ငံတစ်၀န်းလုံးကျင်းပမည့် တောင်ကိုရီးယား စာမေးပွဲကို နို၀င်ဘာ ၇ရက်တွင်စတင်ကျင်းပသွား မည်ဟုသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *