News

စင်ကာပူအလုပ်ရှင်များ အလုပ်သမားများကို မဆီမဆိုင်ကိစ္စများ ခိုင်းတတ်

စင်ကာပူမှအလုပ်သမား ငါးဦးတွင်နှစ်ဦးမှာ အဓိကလုပ်ငန်းနှင့် မသက်ဆိုင်သော တောက်တိုမယ်ရ အလုပ်များကို အလုပ်ရှင်များက ခိုင်းစေသည်ကို လုပ်ပေးနေကြရပြီး အလုပ်သမားများ၏ ၂၁ရာခိုင်နှုန်းသည် ထူးထူးဆန်းဆန်းနှင့် ခပ်ကြောင်ကြောင် အလုပ်များလုပ်ပေးကြရကြောင်း၊ သို့သော် အများစုမှာ အလုပ်ရှင်များ အပေါ် ကျေနပ်မှုရှိကြကြောင်း အွန်လိုင်း Jobs Central ၏စစ်တမ်းတွင်ဖေါ်ပြထားကြောင်းသိ ရသည်။

အလုပ်သမား၃၅၀၀ အားလေ့လာ မေးမြန်မှုတွင် ၂၁ရာခိုင်နှုန်းသော လုပ်သားများက လုံး၀မဆီမဆိုင် အလုပ်များ လုပ်ပေးကြရကြောင်း၊ဥပမာ-မဟောင်တတ်သော ခွေးတစ်ကောင်ရှာပေးရခြင်း၊ သေဆုံး သောမိတ်ဆွေတစ်ဦးအား ရင်ခွဲရုံသို့သွားရှာ ပေးရခြင်း၊ အလုပ်ရှင် အိမ်သို့ရုပ်သံစက်သွား ပို့ပေးရခြင်း စသည့်အလုပ်မျိုးများ လုပ်ကိုင်ပေးရကြောင်း ဖြေကြားသည်ကိုတွေ့ရသည်။
အစိုးရ၀န်ထမ်းများနှင့် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများမှ ၀န်ထမ်းများနှင့်ယှဉ်လျှင်ပုဂ္ဂလိက အသေးစားနှင့် အလတ်စား လုပ်ငန်းများတွင် ယခုကဲ့သို့ လုပ်ငန်းနှင့် မပတ်သက်သော တောက်တိုမယ်ရ ခိုင်းစေမှုနှုန်း ပိုများသည်ဟုသိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်ရှင် ၄၆ရာခိုင်နှုန်းသည် မိမိအလုပ်သမားများအား ကိုယ်ရေးကိုယ်တာ ကိစ္စများခိုင်းစေရာ တွင်စိတ်စနောင့်စနင်း ဖြစ်ခြင်းလုံး၀မရှိ ဟုဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

2 thoughts on “စင်ကာပူအလုပ်ရှင်များ အလုပ်သမားများကို မဆီမဆိုင်ကိစ္စများ ခိုင်းတတ်

  1. အလုပ်ရှင်အားလုံးဒီတိုင်းပါပဲ

  2. Zeyar Min says:

    ဒီမှာတောင်ဒီလောက်ဖြစ်နေတာ ဟိုမှာဆို ပိုဆိုးပေါ့

Leave a Reply

Your email address will not be published. Required fields are marked *