News

အင်္ဂလန်တွင် MBA တက်ရောက်မည့်သူများ ပညာသင်ဆု လျှောက်ထားနိုင်

အင်္ဂလန်နိုင်ငံရှိ University of East Anglia တွင်MBA ဆက်လက်တက်ရောက်မည့်သူများ ပညာသင်ဆု များလျှောက်ထားနိုင် ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ MBA ဒီဂရီ ဆက်လက်တက်ရောက်မည့်သူများ အနေဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ကျောင်းဖွင့်ချိန် အတွက်ပညာသင်ဆုများ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ Accounting and Financial Analysis,Customer Focus and Innovation International Economics Environment , Management and Changing Organisations စသည့် ဘာသာရပ်ပေါင်း ၁၃ခု အတွက် လျှောက်ထားနိုင်မည် ဖြစ်ကြောင်းသိရသည်။

MBA လျှောက်ထားလိုသူများ အနေဖြင့် ဘွဲ့ရပြီး လုပ်သက်အတွေ့အကြုံ အနည်းဆုံးသုံးနှစ်ရှိရမည် ဖြစ်ပြိး IELTS 6.5 ရှိရမည်ဖြစ်ကြောင်း၊ ပညာသင်ဆု အနေဖြင့် စတာလင်ပေါင် ၁၀၀၀ မှ ၂၀၀၀ အထိရရှိနိုင်မည် ဖြစ်ကာဒီဇင်ဘာ ၁၅ရက်နောက်ဆုံးထား လျှောက်ရမည်ဟုဆိုသည်။

အသေးစိတ်သိရှိလိုပါက Regent Consultancy Services ဖုန်း ၀၁-၅၀၀၀၅၄ ၊ ၀၉-၅၀၁၉၈၇၀ ၊ ၀၉-၇၃၂၀၅၃၃၃ သို့ဆက်သွယ်စုံစမ်း နိုင်ကြောင်းသိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *