News

တွံတေးမြို့နယ်တွင် ဆိုလာပြားများ အခမဲ့ တပ်ဆင်

တွံတေးမြို့နယ် ခလုပ်ကျေးရွာ အိမ်ခြေများကို ကိုရီးယား နိုင်ငံရှိ KD Power မှ အမေရိကန် ဒေါ်လာ ၅ သိန်း တန်ဖိုးရှိ ဆိုလာပြားများ တပ်ဆင် လှူဒါန်းခြင်းကို ဇွန်လ ၁ရက်နေ့ က ခလုပ် ကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ခလုပ်ကျေးရွာ တွင် အိမ်ခြေ ၈၃၀ ရှိပြီး အိမ်ခြေ ၅၀၀ ကျော်ကိုသာဆိုလာပြားများ တပ်ဆင်လှူဒါန်း ပေးနိုင်သေးကြောင်း သိရသည်။

ဆိုလာပြားများမှ ဓာတ်အား ရယူပြီး အဆိုပါ ဒေသရှိ လူနေအိမ်များကို ခွဲေ၀ပေးခြင်းဖြစ်သလို တစ်အိမ်ချင်းစီကိုလည်း ဆိုလာပြားများအခမဲ့ တပ်ဆင်ပေးထားကြောင်း သိရသည်။ ထို့ပြင်ဘုန်းကြီးကျောင်းများနှင့်စာသင်ကျောင်းများကိုလည်း တပ်ဆင် ပေးထားလျက်ရှိကာ ကျန်ရှိ နေသေးသည့် အိမ်ခြေ ၃၀၀ ကျော်ကိုလည်း ထပ်မံ တပ်ဆင်နိုင်အောင် ဆွေးနွေးမှု များ ပြုလုပ်နေသည်ဟု သိရသည်။

အဆိုပါ ခလုပ်ကျေးရွာကို ဆိုလာပြား အခမဲ့ တပ်ဆင်ပေးခြင်းသည် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးမှုတွင် ကြန့်ကြာမှုများ၊ ခက်ခဲ မှုများ ရှိနေခြင်းကြောင့် လျှပ်စစ် ဓာတ်အား မရရှိနိုင်သေးသည့်အတွက် လုပ်ဆောင် ပေးခြင်းဖြစ်သည်ဟု သိရသည်။ ထို့ပြင် KD Powerသည် ရန်ကုန် နည်းပညာ တက္ကသိုလ်နှင့် ပူးပေါင်းကာ ပြည်တွင်းရှိ လျှပ်စစ်စွမ်းအင် ကဏ္႑နှင့်ပတ်သက်ပြီး ကူညီ ဆောင်ရွက်မှုများ
ပြုလုပ်ပေးသွားမည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *