News

VOIP ပြုလုပ်၍ စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ပြုလုပ်နိုင်မည်

mnc-corp.com

မိမိအသုံးပြုလိုသည့် နာမည်ဖြင့် VOIP ပြုလုပ်၍ စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ VOIP (Voice Over Internet Protocal) ဆိုသည့်အတိုင်း အင်တာနက်လိုင်းဖြင့် ဖုန်း ခေါ်ဆိုမှုစနစ်ကို ပြည်တွင်းတွင် တရားဝင် စီးပွားရေး လုပ်ငန်းအဖြစ် ပြုလုပ်နိုင်စေရန် VOIP Myanmarက ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း သိရသည်။ မိမိကိုယ်တိုင် VOIP တစ်ခု ပြုလုပ်လိုပါက ငွေကျပ် ၁၃,၀၀၀ကျပ်သာ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ငွေကျပ် ၁၃,၀၀၀ ကျပ် ပေးသွင်းပြီး ပါက နေ့ချင်းပြီး လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ VOIP ပြု လုပ်ခြင်းနှင့် ပတ်သက်၍ VOIP Myanmar မှ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့က နိုင်ငံခြား ဆာဗာကနေပြီး သူတို့ကို တိုက် ရိုက်ဝယ်ပေးတယ်။ Mobile Appsတွေနဲ့ Computer အတွက် Apps တွေကိုတော့ သူတို့ဘာသာ လုပ်ရမှာပါ။ ဒါကလည်း အရမ်း လွယ်ကူပါတယ်။ သူတို့ကို ရောင်း ထားတဲ့ Websiteမှာပဲ အကုန်လုပ်လို့ ရပါ တယ်။ မိမိ၏ ကိုယ်ပိုင် VOIP ပြုလုပ်ထား ပါက အားသာချက်များစွာ ရရှိမည် ဖြစ်ကြောင်း သိရသည်။ အခြားဝယ်သုံးသည့် VOIPများထက် မိမိကိုယ်ပိုင် VOIP က ပိုမို သက်သာသည့် ဈေးနှုန်းများဖြင့် အသုံးပြု နိုင်မည် ဖြစ်သည်။ ထို့အပြင် လိုင်းဆွဲအား ပိုမိုကောင်းမွန်သည့် VOIP ဆက်သွယ်မှု စနစ်များကို Server ဝယ်ယူစရာ မလိုဘဲ အသုံးပြုနိုင်မည်။

မိမိဝယ်ယူထားသည့် မိမိ ၏ VOIP ကို စီးပွားဖြစ် အသုံးပြုထားပါက နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုများကို မြန်မာကျပ် ငွေဖြင့် မိမိ စိတ်တိုင်းကျ သတ်မှတ်၍ ငွေကောက်ခံနိုင်မည် ဖြစ်သည်။ Internet ဆိုင်များမှ ကိုယ်ပိုင် VOIPတစ်ခု ဝယ်ယူ အသုံးပြုပါက SIP Settingများဖြင့် မိမိ ဆိုင်၏ လိုင်းဖုန်းမှ တစ်ဆင့် နိုင်ငံရပ်ခြားသို့ ဖုန်းခေါ်ဆိုနိုင်ရန် လုပ်ဆောင် ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ မိမိအသုံးပြုမည့် အမှတ်တံဆိပ် Brand Websiteနှင့် VOIP ဝန်ဆောင်မှုတွေကို တိုက်ရိုက် ချိတ်ဆက်နိုင်မည့် Web APIပါရှိမည် ဖြစ်သည်။

နိုင်ငံ တကာတွင် ရှိသည့် အရည်အသွေးမြင့် Serverများ ပိုင်ဆိုင်သည့် VOIP (၆၀)ထဲမှာ မိမိစိတ်ကြိုက် Serverကို ချိတ်ဆက်၍ VOIP ပြုလုပ်နိုင်မည် ဖြစ်သည်။ VOIP ပြုလုပ်ခြင်းနှင့် ပတ်သက်၍ VOIP Myanmar၏ တာဝန်ရှိသူ တစ်ဦးက “ပြည် တွင်းမှာလည်း ကိုယ်ပိုင် VOIP ပြုလုပ် ထား တဲ့ လူတွေ ရှိတယ်။ MEB Talk 2 နဲ့ Ko Ko Talk ဆိုတာတွေလည်း အခုလိုပဲ ကိုယ်ပိုင် VOIP ပြန်လုပ်ထားတာပါ။ အဲဒါက အရမ်း ကောင်းပါတယ်။

စီးပွားရေးအတွက် တွက် ခြေကိုက် အဆင်ပြေပါတယ်”ဟု Smart Pro Journalသို့ ပြောကြားပေးခဲ့သည််။ VOIP Myanmar အင်တာနက်မှ တဆင့် နိုင်ငံတကာသို့ အခမဲ့ (Free)နှင့် ဈေးနှုန်း ချိုသာစွာဖြင့် ဖုန်းခေါ်ဆိုနိုင်သည့် VOIP များကို ဝန်ဆောင်မှု ပေးခြင်း၊ အင်တာနက် ပေါ်တွင် ရှိသည့် အရည်အသွေးမြင့် VOIP Brand ပေါင်း (၆၀)ကျော်ပေါ်သို့ တိုက်ရိုက် ငွေဖြည့်သွင်းပေးခြင်း၊ အင်တာနက်ဆိုင် များအတွက် VOIPနှင့် ပတ်သက် သည့် ကိစ္စ အဝဝကို စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် မိမိ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် VOIP စီးပွားရေး ဝန်ဆောင်မှု ဆောင်ရွက်လိုသူများကို စီစဉ်ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။ VOIP Myanmar အကြောင်းကို သိရှိလိုပါက www.voipmyanmar.comသို့ ဝင်ရောက် ကြည့်ရှုနိုင်ပြီး ဖုန်း 09-731-355-85သို့ အသေးစိတ် စုံစမ်း မေးမြန်းနိုင်ကြောင်း သတင်း ရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *