News

ရတနာပုံ တယ်လီပို့ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်ပြီဟု ဆို

burma.irrawaddy.org

ရတနာပုံတယ်လီပို့ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲရသည်မှာ အများ ပြည်သူများ ပါဝင်လာနိုင်ရေးအတွက် ပြောင်းလဲခဲ့ကြောင်းကို မြန်မာအင်ဖို တက်ခ်တွင် ပြုလုပ်ခဲ့သော ပွဲတွင် ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူ တစ်ဦးက ပြော ပါသည်။ ဆက်သွယ်ရေးစနစ် ဈေးကွက်များကို တစ်ဦးတစ်ယောက် တည်းမှ ချုပ်ကိုင်ထားမှု မရှိစေလိုသော သဘောကို ဆောင်ပြီး ရှယ်ယာဝင်များကို ခေါ်ယူရာ တွင် သတင်းစာတွင် အတိအလင်း ကြေညာပေးမည်ဖြစ်ကြောင်း သိရပါသည်။ ရှယ် ယာများကို ကျပ်သိန်းတစ်သောင်းဖြင့် ယေဘုယျ သတ်မှတ်ထားကြောင်းလည်း ရတနာပုံတယ်လီပို့မှ အရာရှိချုပ်တစ်ဦးက ပြောပါသည်။

ယခင်က တစ်ဦးတစ်ယောက်တည်း ချုပ်ကိုင်ထားသည့် စနစ်ကို ပယ်ဖျက်ကာ မည်သည့် လုပ်ငန်းရှင်များမဆို လုပ်ကိုင်နိုင်သည့်စနစ်၊ အများပြည်သူဆန္ဒဖြင့် ဖွဲ့စည်းတည်ထောင်သွားမည် ဖြစ်ကြောင်း သိရသည်။ များမကြာမီ ထွက်ပေါ်လာမည် ဖြစ်သော ဆက်သွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရပါသည်။ မြန်မာ့ဆက်သွယ်ရေး စနစ်ကို တိုးတက်လာစေလို၍ ပြည်ပကုမ္ပဏီ များနှင့်လည်း
ဆောင်ရွက် လုပ်ကိုင်သွားမည်ဖြစ်သည်ဟု သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *