News

ပြည်တွင်းဆော့ဖ်ဝဲ လုပ်ငန်းဖွံ့ဖြိုးစေရန် ကော်မတီဖွဲ့စည်းဆောင်ရွက်

ပြည်တွင်းရှိဆော့ဖ်ဝဲ Industry ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဦးစီး၍ SIDC (Software Industry Development Committee) အားဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

SIDC အား ယခုနှစ် နှစ်ဆန်းပိုင်း၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဆော့ဖ်ဝဲထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ ရေးဆွဲသူများအကြား အချင်းချင်းချိတ်ဆက်နိုင်ရန်  SIDC ၏ ဝက်ဘ်ဆိုက်အား မကြာမီထုတ်လွှင့်မည်ဟုဆိုသည်။

“မြန်မာနိုင်ငံမှာ Software Industry မှ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီကော်မတီကို ဖွံ့စည်းခဲ့တာပါ။ အခုကော်မတီဖွဲ့တာက ဆော့ဖ်ဝဲရေးတဲ့သူအားလုံးကို စုစည်းလိုက်တဲ့သဘောပါ။ ဆော့ဖ်ဝဲရေးချင်တဲ့သူတွေအတွက်လည်း ဆော့ဖ်ဝဲရေးပုံရေးနည်းတွေ၊ လုပ်ငန်းတည်ထောင်ဖို့ ရွေးပုံရွေးနည်းတွေကို အကြံပြုပေးသွားမှာပါ။ ပြည်ပကဆော့ဖ်ဝဲရေးသူတွေနဲ့လည်း ချိတ်ဆက်ပေးသွားမှာပါ” ဟု SIDC ၏အတွင်းရေးမှူး ဦးအောင်မောင်းက ပြောကြားသည်။

ပြည်တွင်း၌ ကဏ္ဍပေါင်းစုံဖြစ်သည့် e-government ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍ၊ အုပ်ချုပ်ရေး ကဏ္ဍ၊ စီးပွားရေးစသည်ဖြင့် နေရာစုံ၌ အသုံးပြုရန် ဆော့ဖ်ဝဲလိုအပ်ချက် များစွာရှိသော်လည်း ပြည်တွင်းရှိ Software Industry မှာ လိုအပ်ချက်များစွာရှိသေးကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *