News

နယူးဇီလန်စာတိုက် သုံးရက်တစ်ကြိမ်သာ စာဝေ

နယူးဇီလန်နိုင်ငံ၏ စာပို့လုပ်ငန်းသည်အီးမေးလ် နှင့်text များ၀င်ရောက်လာမှုကြောင့် လုပ်ငန်းပမာဏ လျှော့ချသွားခြင်း အတွက်ရက်သတ္တတစ်ပတ်လျှင် လက်ရှိခြောက်ရက်စာဝေစနစ်မှ သုံးရက် စာဝေစနစ် သို့ လျှော့ချသွားရမည် ဖြစ်ကြောင်း စာတိုက်မင်းကြီး Michel Cullen ကထုတ်ဖော်ပြောပြ ခဲ့ပြီး အစိုးရပိုင်လုပ် ငန်းဆက်လက် လည်ပတ်စေရေးတွင် အလုပ်အကိုင်များသိသိသာသာ လျော့နည်းသွားနိုင်ကြောင်း ၀န်ခံပြောဆိုခဲ့သည ်။

စာများသည် တစ်နှစ်လျှင် ၈ရာခိုင်နှုန်း ကျဆင်းနေကြောင်းလည်း ရေဒီယိုနယူဇီလန်သို့ ပြောဆိုခဲ့ကြောင်း သိရသည်။ နယူဇီလန်စာပို့လုပ်ငန်းအား ၁၈၅၀ ပြည်နှစ်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဆုံးရှုံးမှု နှင့် ကာမိစေရန် အတွက် ၂၀၁၅ ခုနှစလယ်ပိုင်းတွင် ရက်သတ္တတစ်ပတ်လျှင် သုံးရက်စာဝေစနစ် ကျင့်သုံးရန် အစိုးရထံမှ ခွင်ပြုချက်ရရှိပြီးကြောင်းလည်း သိရသည်။

လွန်ခဲ့သော ၁၁ နှစ်အတွင်း စာတိုက်မှပေးစေမှုများ သိသာစွာလျော့နည်း ခဲ့ခြင်းသည် စာပို့လုပ်ငန်း အသုံးပြုသူ များ၏လတ်တလော အကျိုးစီးပွားကို ချိန်ညှိရန်လိုအပ်နေကြောင်း ပြသခြင်းဖြစ်သည်ဟု ကြေနန်းဆက်သွယ်ရေး၀န်ကြီး Amy Adam ကထုတ်ဖေါ်ပြောဆိုခဲ့သည်။
NZ စာပို့လုပ်ငန်းသည်ရိုးရာစာပို့လုပ်ငန်းတွင် ကျဆင်းခဲ့သော်လည်း အွန်လိုင်းဈေးတက်မှု များပေါ် ထွက်လာခြင်းကြောင့် အိမ်အရောက် ဆက်သားဖြင့် ပစ္စည်းများပေးပို့သည့် လုပ်ငန်းတွင် ၂၀၁၃ခုနှစ် ဇွန်လအထိ တစ်နှစ်အတွင်း နယူးဇီလန်ပေါင် ၁၂၁ သန်းမြတ်စွန်းခဲ့ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *