News

ဘရက်ပစ်က ဂျိုလီအတွက် စိန်လော့ကတ် လက်ဆောင်ပေး

ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဘရက်ပစ်သည် ၄င်း၏ ဇနီးသည်အိန်ဂျလီနာဂျိုလီကို အမေရိကန်ဒေါ်လာ ၂၅၀၀၀၀တန်ဖိုးရှိ စိန်လော့ကတ်တစ်ခု လက်ဆောင် ၀ယ်ပေးခဲ့ကြောင်း အောက်တိုဘာ ၁ရက်က ဒေးလီးမေးလ်မှာ ဖော်ပြထားပါသည်။ ယင်းသည် ကလေးခြောက်ယောက်မိဘများဖြစ်သော်လည်း နုပျိုလတ်ဆတ်ဆဲဖြစ်သည့် ၄င်းတို့နှစ်ဦး၏ အချစ်များကို ပြသလိုက်ခြင်းဖြစ်ပါသည်ဟု ဆိုသည်။

ထို့အပြင် ဂျိုလီသည် ဘရက်ပစ်အတွက် အရေးအကြီးဆုံး လူသားတစ်ဦးဖြစ်ကြောင်း ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်ဟု ဆိုပါသည်။ အသက် ၄၉နှစ်အရွယ်ရှိ မင်းသားချောဘရက်ပစ်နှင့် အသက် ၃၈နှစ်အရွယ်ရှိ မင်းသမီးချောဂျိုလီတို့သည် ယင်းစိန်လော့ကတ်ကို ဟောင်ကောင်မှာရှိသည့် လက်၀တ်ရတနာ အရောင်းဆိုင်တစ်ဆိုင်မှ ၀ယ်ယူလာခဲ့ခြင်းဖြစ်သည်။ ၄င်းတို့ဇနီးမောင်နှံသည် ဟောလိ၀ုဒ်လောကတွင် ၀င်ငွေအများဆုံး ဇနီးမောင်နှံအဖြစ် သတ်မှတ်ခံထားရသူများဖြစ်ပြီး ၄င်းတို့၏ ၀င်ငွေသည် ယခုနှစ်ထဲတွင် အမေရိကန်ဒေါ်လာ ၅၀မီလီယံရှိသည်ဟု သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *