Mobile, News, Review

နာမည်ကြီးနေတဲ့ Google Nexus 7

ရှေ့က ထွက်ခဲ့သမျှ Modelတွေ အားလုံးထက် သာလွန် ကောင်းမွန်တဲ့ Google Nexus 7 ဟာ Processor ကို ARM Cortex-A9 Nvidia Tegra 3T3OL 1.2GHz quad-core (1.3 GHz single-core mode) 1MB L2 cache အသုံးပြုထားပြီး 1GB RAM, 7inches Display 1280×800 WXGA pixels, 32GB Storage, Wi-Fi, Micro USB သာမက NFC စနစ်ပါ ပါ၀င်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကင်မရာကို 1.2 MP HD 720p resolution အသုံးပြု ထားပါတယ်။Video-Calling စနစ်ပါ ပါ၀င်လာပြီးတော့ Secondary Camera တော့ ပါ၀င်မှာ မဟုတ်ပါဘူး။

လောလောဆယ်တော့ GPRS, EDGE တွေကို သုံးနိုင်မှာ မဟုတ်ပါဘူး။ Data Connect အနေနဲ့တော့ WLAN (Wi-Fi) ကို 802.11 b/g/n နဲ့ Bluetooth 3.0တွေ ပါ၀င် လာပါတယ်။ဒါ့အပြင် html5 နဲ့ရေးထားတဲ့ Web Page ကိုကြည့်ရှုနိုင်ဖို့ html5 Browserလည်း ပါ၀င်လာပါတယ်။ Battery က 4325mAh Li-ion battery ဖြစ်ပြီးတော့ Multimedia တွေသုံးမယ် ဆိုရင်တောင် ဆယ်နာရီခန့် သုံးနိုင်မှာ ဖြစ်ပါတယ်။ Battery ဖြုတ်လို့ရမှာ မဟုတ်ပါဘူး။ Display ရဲ့ Sensor မှာလည်း Accelerometer, Proximity, Compass စတဲ့ Features တွေ ပါ၀င် လာပါတယ်။ Touch အနေနဲ့လည်း Up To 10 Fingers အထိ သုံးနိုင်မှာ ဖြစ်ပြီးတော့ HD Displayနဲ့ ရုပ်ထွက်ကောင်းမွန်စွာ ခံစားနိုင်ပါတယ်။ Memory Card တော့ ထပ်စိုက်နိုင်မှာ မဟုတ်ပါဘူး။ ၂၀၁၂ မှာတည်းက ကြေညာပြီးထွက်ရှိခဲ့ပေမယ့် Google အနေနဲ့အဆိုပါ Nexus 7 Tablet ကို 2013 Version ဆိုပြီးထပ်မံမိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။

Google Play ရဲ့ Services တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ရယူနိုင်မှာ ဖြစ်ပြီးတော့ Android 4.3 (Jelly Bean) OSကို သုံးထားပါတယ်။ ဒီ Tablet ဟာ Google နဲ့ ASUSတို့ ပူးပေါင်းမှု ရလဒ် ဖြစ်ပြီးတော့ သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်၊ အင်္ဂလန်စတဲ့ နိုင်ငံကြီးတွေက သင်္ဘောတင်ပို့ဖို့ အော်ဒါတွေ အစောကြီးက ရောက်နေခဲ့ပြီး လက်ရှိအချိန်မှာ လူကြိုက်များလျက်ရှိ ပါတယ်။ Googleကတော့ လက်ရှိမှာ Google Nexus 7 Tablet, Chromecast စတဲ့ Productတွေ အများအပြား ထုတ်လုပ်လျက် ရှိပြီး ပြိုင်ဘက် တွေကို စိန်ခေါ်လျက် ရှိပါတယ်။ Amazonကနေ ၀ယ်ချင်ရင်တော့ ဒေါ်လာသုံးရာခန့်နဲ့ သင်္ဘောတင်ပို့ပြီး ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Ref: http://www.theverge.com/2013/7/26/4558626/google-nexus-7-review-2013

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *