News

SEA Games မီးရှုးတိုင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ သယ်ဆောင်မည်

(၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အိုလံပစ် မီးရှုးတိုင်ကို မြန်မာနိုင်ငံ ကအိမ်ရှင် အဖြစ်ကျင်းပခဲ့သည့် ၁၉၆၉ ခုနှစ်ပဉ္စမ အကြိမ်မြောက် ကျွန်းဆွယ်အားကစား ပြိုင်ပွဲ၌ ရေကူးအားကစား နည်းမှ ရွှေတံဆိပ်သုံးခုရ ယူပေးနိုင်ခဲ့သည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာ နှင့်ရွှေတံဆိပ်ဆုရ ကစားသမား များ၊ငွေကြေးထောက်ပံ့ပေးထားသည် ကုမ္ပဏီများမှ ၀န်ထမ်းများက သယ်ဆောင်ကြ မည်ဖြစ်ကြောင်းအားကစား ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးအုန်းမြင့် ဦးကပြောကြားသည် ဟုသိရသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ တာ၀န်ယူထားသည့် ဦးနန္ဒကျော်စွာသည် နေပြည်တော် ကောင်စီရှိ မြို့တော်ခန်းမ မှတစ်ဆင့် ဖွင့်ပွဲကျင်းပရာ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ အာရှ နှင့် အရှေ့တောင်အာရှ အဆင့် အားကစားပြိုင်ပွဲ များမှ ရွှေတံဆိပ်ဆု ရခဲ့သည့် အားကစားသမား ၇၀ နှင့်အတူသယ်ဆောင် မည်ဟု၄င်းကရှင်းပြသည်။

ယင်းမီးရှုးတိုင်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ၀န်ကြီးတစ်ဦးက ဝေဇယန္တာ လမ်းပေါ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ လုပ်ငန်းရှင်များ အသင်းရုံး၌ ဒီဇင်ဘာ ၁၀ရက်နေ့တွင် စတင်မီးညှိပေးမည် ဖြစ်ကြောင်း၊ ယင်းမီးတိုင်ကို ရွှေတံဆိပ်ရခဲ့သည့် ကစားသမားဟောင်း နှစ်ဦးကသု၀ဏ္ဏမိုးလုံလေလုံ အားကစားရုံရှိ စင်မြင်သို့ သယ်ဆောင်ရမည်ဖြစ် ပြီးယင်းမီးတိုင် မှမီးကိုရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက မီးရှုးစင်၌ ထွန်းညှိပေးမည် ဟုယဉ်ကျေးမှု၀န်ကြီးဌာန သမိုင်းသုတေသန ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ်ဦးအောင်မြင့် ကပြောကြားသည်။

ဖွင့်ပွဲကျင်းပမည့် ဒီဇင်ဘာလ ၁၁ရက်နေ့တွင် သု၀ဏ္ဏ မိုးလုံလေလုံ အားကစားရုံ မီးရှုးစင်မှ တစ်ဆင့် သစ္စာလမ်းဆုံသို့ ရွှေတံဆိပ်ဆုရ ကစားသမားဟောင်း ၂၀ ကတစ်ဦးလျှင် သုံးကီလိုမီတာ စီဖြင့်ယင်း မီးရှုးတိုင်ကို သယ်ဆောင်ကြမည် ဖြစ်ကြောင်း၊နေပြည်တော်သို့ သွားမည်ကားဂိတ်မရောက် မီအထိ SEA Games ပြိုင်ပွဲအတွက်ငွေ ရှာဖွေခွင့် ရခဲ့သည့် Dentsu Sports Asia ကုမ္ပဏီနှင့်ငွေကြေးအများဆုံး ထောက်ပံ့ ပေးထားသည့် KBZ Group တို့မှကိုယ်စားလှယ် များက တစ်ကီလိုမီတာ စီလက်ဆင့်ကမ်းသယ်ဆောင် ကြမည် ဖြစ်ကြောင်း၄င်းကဆိုသည်။

ယင်းနောက် မီးရှုးတိုင်ကိုနေပြည်တော်ရှိ မြို့တော်ခန်းမ သို့ဆက်လက်သယ်ဆောင်ကာ နေပြည်တော်ကောင်စီ ၏ဒုတိယ မြို့တော်၀န် ကိုပေးအပ်မည် ဖြစ်ကြောင်း၊ယင်းမှ တစ်ဆင့် မီးရှုးတိုင်ကို နိုင်ငံ့ ဂုဏ်ဆောင် ရွှေတံဆိပ် ဆုရအားကစားသမား ဟောင်း ၇၀ ကဖွင့်ပွဲ ကျင်းပမည့် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း သို့သယ်ဆောင်သွား ဖြစ်ရာ နောက်ဆုံးသယ်ဆောင်မည့်သူ မှာ ဦးနန္ဒာကျော်စွာ ဖြစ်ကြောင်း အားကစားကွင်း အမိုးပေါ်တွင်ထားရှိ သည့်အိုလံပစ်မီးရှုးတိုင်ကို ဦးနန္ဒာကျော်စွာ ထံမှ တစ်ဆင့်မြန်မာလက်ရွေးစင် မြှားပစ်အားကစား သမားတစ်ဦး ကမီးကူး၍ မြှားဖြင့်ပစ်ကာ(၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲကိုဖွင့်လှစ်မည် ဟုအားကစား ၀န်ကြီးဌာနဒုတိယ ညွှန်းကြားရေးမှုးချုပ် ဦးအုန်းမြင့်ဦး ကပြောဆိုသည်။

မြန်မာနိုင်ငံတွင်နှစ်ပေါင်း ၄၄ နှစ်ကျော်ကြာ ပထမဆုံး အကြိမ်ပြန်လည် ကျင်းပခွင့်ရသည့် (၂၇) ကြိမ်မြောက် SEA Games အားကစားပြိုင်ပွဲ ဖွင့်ပွဲကို နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစား ကွင်း၌ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရက်ပေါင်း ၅၅ ရက်သာကျန် တော့ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *