News

ပြည်သူ့ရင်ပြင် ရေပန်းရုပ်ရှင် အပတ်စဉ် ပြန်လည်ပြသမည်

ပြည်သူ့ရင်ပြင်ရှိ ရေပန်းရုပ်ရှင်ပြသခြင်းအစီအစဉ်ကို သီတင်းကျွတ်လပြည့်နေ့မှ စတင်ကာအပတ်စဉ် ပြန်လည်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ရေပန်းရုပ်ရှင်ပြသခြင်းအား မိုးရာသီတွင် ခေတ္တရပ်နားထားရာမှ သီတင်းကျွတ်လပြည့်နေ့မှ စတင်ကာစနေ၊တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် ညနေ ၆ နာရီမှ ၇ နာရီ အထိပြသသွားမည်ဟုဆိုသည်။

“ရေပန်းရုပ်ရှင်နှင့် fountain dancing ရေပန်းအကကိုလူတွေတော်တော်စိတ်၀င်စားကြတယ်။ ရေပန်းရုပ်ရှင်မှာလည်း ဇာတ်လမ်းတိုလေးတွေကို အဓိကပြသပေးသွားမှာပါ” ဟု Natural World တာ၀န် ရှိသူတဦးကပြောသည်။ သီတင်းကျွှတ်လပြည့်နေ့တွင် ရေပန်းရုပ်ရှင်ပြသခြင်းအပြင် မြန်မာ့ရိုးရာအကများတိုင်းရင်းသားအကအလှများ နှင့်ပါတိုးချဲ့ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်းသိရသည်။

ပြည်သူ့ရင်ပြင်နှင့် အပန်းဖြေကစားကွင်းကို နေ့စဉ်နံနက်၈နာရီ မှည၈နာရီအထိဖွင့်လှစ်ထားပြီး တစ်ဦး
လျှင်၀င်ကြေးကျပ် ၃၀၀နှုန်း သတ်မှတ်ထားကြောင်း သိရှိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *