အီးယူးနိုင်ငံများသည် ကင်ဆာရောဂါကြောင့် တစ်နှစ်လျှင် ယူရို ၁၂၆ ဘီလျံကုန်ကျနေကြောင်း ကင်ဆာရောဂါ၏ စီးပွားရေးအပေါ်သက်ရောက်မှုကို အီးယူတစ်၀န်းပထမဆုံး လေ့လာမှုအရ သိရသည်။ ယင်းမှာအလွန်ကြီးမားသော ၀န်ထုပ်၀န်ပိုး တစ်ခုဖြစ်ကြောင်းCancer Research UK ကူညီရေးအဖွဲ့က ပြောကြားခဲ့သည်။ ကိန်းဂဏန်းများကို lancet Oncology တွင်ဖေါ်ပြခဲ့ပြီးကုန်ကျမှုများတွင် ဆေးဝါးများတန်ဖိုး၊ နာမကျန်းမူကြောင့် ၀င်ငွေဆုံးရှုံးနှင့် မိသားစုကပြုလုပ်ပေးရသည့် စောင့်ရှောက်မှုတို့ပါ၀င်သည်။ ကင်ဆာရောဂါများအနက် အဆုတ်ကင်ဆာ မှာအများဆုံးကုန်ကျကြောင်းသိရသည်။
၂၀၀ခုနှစ်ကအီးယူး၏ နိုင်ငံပေါင်း ၂၇နိုင်ငံမှ တစ်နိုင်ငံချင်းစီ၏အချက်အလက်များကို အောက်စဖို့ဒ် တက္ကသိုလ် နှင့် King`s College London တို့မှသုတေသီအဖွဲ့က ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအရစုစုပေါင်းကုန်ကျစရိတ် မှာ၁၂၆ ဘီလျံဖြစ်ပြီးယူရို ၅၁ဘီလျံမှာ ဆရာ၀န်များ၏အချိန်နှင့် ဆေးဝါးများ၏တန်ဖိုးဖြစ်သည်။
နာမကျန်းမှု သို့မဟုတ် ငယ်ရွယ်စဉ်သေဆုံးမှု တို့ကြောင့် ကုန်ထုတ်လုပ်မှု ဆုံးရှုံးမှုခြင်းမှာယူရို ၅၂ဘီလျံ ရှိသည်။ ထို့အပြင်မိသားစုများကစောင့်ရှောက် ပေးရသည့် အတွက်ကုန်ကျမှုမှာယူရို ၂၃ဘီလျံ ရှိသည်။ ခြုံ၍ကြည့်လျှင် ဂျာမနီနှင့်လူဇင်ဘတ် ကဲ့သို့ပိုမိုချမ်း သာသောနိုင်ငံများက ဘူလ်ဂေးဂျီးယား နှင့် လစ်သူယေးနီးယားတို့ ကဲ့သို့ ဥရောပအရှေ့ပိုင်းနိုင်ငံ များထက်တစ်ဦးချင်း ကင်ဆာကုသစရိတ် ကိုပိုမိုအသုံးပြုသည် ဟုဆိုသည်။
ဥရောပတွင်အဆုတ်ကင်ဆာအတွက် ကုန်ကျမှုမှာကင်ဆာ အားလုံးအတွက်ကုန်ကျမှု၏ဆယ်ပုံတစ်ပုံကျော်ရှိသည်။ အဆုတ်ကင်ဆာများထက်ပိုမိုအစောပိုင်းကျသော အသက်အရွယ်များတွင် လူများကိုထိခိုက်လေ့ရိုကြောင်းသိရပါသည်။