Mobile, News

Samsung ရဲ့ Smartphone Operating System အသစ် Tizen

Samsung နဲ့ Intel တို့ ပူးပေါင်းတီထွင်လိုက်တဲ့ Smartphone Operating System အသစ်ဖြစ်တဲ့ Tizen ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ ကပဲ မိတ်ဆက်လိုက်ပါတယ် ။ Tizen မိုဘိုင်း Operating System အသစ်ကို ၂၀၁၄ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ Barcelona မှာကျင်းပမဲ့ World Mobile Congress မှာ စတင်ပြသသွားမယ်လို့ သိရှိရပါတယ် ။ Samsung နဲ့ Intel ကတော့ သူတို့ရဲ့ နောက်ဆုံးပေါ် Tizen Device တွေရဲ့အကြောင်းကို မခြွင်းမချန် ဖော်ပြသွားမှာဖြစ်ပြီး Tizen Project ရဲ့ အောင်မြင်မှု ဘယ်လောက်ရရှိခဲ့လဲဆိုတာကို World Mobile Congress မှာ ဖော်ပြသွားမှာဖြစ်တယ်လို့ သူတို့ရဲ့ ဖိတ်ကြားစာတွေထဲမှာ ဖော်ပြခဲ့ကြပါတယ် ။

Tizen OS ဟာ ဒီနှစ်အစောပိုင်းက ထွက်ရှိခဲ့တဲ့ Firefox ရဲ့ Firefox Mobile Operating System နဲ့ ဆင်တူတယ်လို့ သိရှိရပါတယ် ။ Tizan OS ဟာ Linux အပေါ်မှာ အခြေခံတည်တောက်ထားတာဖြစ်ပြီးတော့ Samsung ရဲ့ NX2000 နဲ့ NX300 ကင်မရာတွေပေါ်မှာ အသုံးပြုခဲ့ပြီး ဖြစ်ပါတယ် ။

Tizan OS နဲ့ တည်ဆောက်ထားရှိမဲ့ Handset တွေရဲ့ ဒီဇိုင်း နဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုတော့ ဖိတ်ကြားစာ တွေထဲမှာ မဖော်ပြခဲ့ဘူးလို့ သိရှိရပါတယ် ။ Tizen Device တွေကို အကောင်းဆုံးသော ပစ္စည်းတွေနဲ့ပဲ ဖွဲ့စည်းတည်ဆောက်သွားမယ်လို့ Samsung Mobile Business ရဲ့ Executive Vice-President “LEE YONG HEE” ကပြောကြားသွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ နို၀င်ဘာလ ထဲမှာတော့ Panasonic, NTT DOCOMO, Orange, Vodafone, eBay, Sharp, McAfee, Sprint စသည့် ကုမ္ပဏီ ၃၆ ခုတို့က Tizen OS ပေါ်ကို ပြန်လည် မျက်စိကျခဲ့ကြပါတယ် ။

Tizen OS ကိုအသုံပြုထားတဲ့ Samsung ရဲ့ Galaxy S4 ကို ပြီးခဲ့တဲ့ စက်တင်ဘာလ က ထုတ်ဖော်ပြသခဲ့ပြီးပြီဖြစ်ပါတယ် ။ ယခု ပထမဆုံးထွက်ရှိလာမဲ့ Tizen Handset တွေမှာ Tizen OS 2.2.1 ကိုအသုံးပြုထားတာဖြစ်ပါတယ် ။ ဒါပေမဲ့လည်း Samsung ဟာ Tizen OS 3.0 ကို စတင်အကောင်အထည်ဖော်နေပြီလို့လဲ သိရှိရပါတယ် ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *