Education

Nanyang Institute of Management (NIM) တွင် တက်ရောက်လိုသူ ကျောင်းသူ၊ ကျောင်းသားတို့ မတ်လ ကျောင်းဖွင့်ချိန် အမှီ STUDY ABROAD မှ လျှောက်ထားနိုင်။

စင်ကာပူ နိုင်ငံ အစိုးရ အသိအမှတ်ပြု Edu- Trust (4) နှစ်ရရှိထားသော ကျောင်းတစ်ကျောင်းဖြစ်သည့် NIM တွင် Business, Engineering, Tourism & Hospitality တက်ရောက်လိုသည့် ကျောင်းသူ၊ ကျောင်းသားတို့ အနေနှင့် မတ်လ ကျောင်းဖွင့်ချိန် အမှီ STUDY ABROAD မှ တဆင့် ကျောင်းလျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။

NIM ၏ Business ဘွဲ့ဒီဂရီ အဖြစ် စီမံခန့်ခွဲမှုကို အထူးပြုထားသည့် Bachelor of Applied Management ကို အထူးပြုရယူနိုင်ပြီး Master Degree အနေနှင့် Master of Business Administration (MBA) ကိုရယူနိုင်မည် ဖြစ်ပါသည်။ နိုင်ငံတကာအဆင့်မှီ ဆောက်လုပ်ရေး နည်းပညာကို သင်ကြားတတ်မြောက်ရန် ကြိုးစား သင်ယူချင်သူများအတွက် စင်ကာပူနိုင်ငံတွင် အသုံးပြုနေသည့် နောက်ဆုံးပေါ် ဆောက်လုပ်ရေးနည်းပညာ များသာမက စီမံခန့်ခွဲမှုနည်းပညာများကို သင်ကြားတတ်မြောက်နိုင်ရန်နှင့် ပြည်တွင်း ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများစွာ ကောင်းမွန်စေနိုင်ရန်အတွက် (NIM ) ၏ Diploma in Construction Engineering ကို တက်ရောက်နိုင်မည် ဖြစ်ပါသည်။ (NIM) ၏ Diploma In Construction Engineering ပြီးမြောက်အောင်မြင်သူများသည် စင်ကာပူနိုင်ငံ အင်ဂျင်နီယာ အသင်းဖြစ်သော Singapore Institute of Engineering Technologists (SIET) မှ Level III Certificate ကိုပါ ရရှိမည် ဖြစ်ပါသည်။

Tourism & Hospitality ဘာသာရပ်များအနေနှင့် Diploma တက်ရောက်နိုင်သလို Bachelor of Hospilality (Management)ဘွဲ့ကို ရယူနိုင်မည် ဖြစ်ပါသည်။Postgraduate Diploma အနေနှင့် Tourism & Hospitality Management ဘာသာရပ်ကို တက်ရောက်နိုင်မည် ဖြစ်ပါသည်။အဆိုပါ Postgraduate တွင် ဟိုတယ်နှင့် ခရီးသွား ဝန်ဆောင်မှု၊ စီမံခန့်ခွဲမှု ပညာရပ်များသာမက မိမိကိုယ်တိုင် ခရီးသွားလုပ်ငန်းများ၊ ဟိုတယ် လုပ်ငန်းများ စတင်လုပ်ဆောင်ရာတွင် အသုံးပြုရသည့် ဘာသာရပ်များကိုလည်း သင်ကြားရမည် ဖြစ်ပါသည်။ ခေတ်မှီတိုးတက်သော နည်းပညာများ၊နိုင်ငံတကာအဆင့်မှီ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို လုပ်ငန်းခွင် အတွေ့အကြုံ များစွာရှိသော ဆရာ၊ဆရာမများ ကိုယ်တိုင် သင်ကြားပို့ချပေးမည် ဖြစ်သည့်အပြင် စာတွေ့(၆)လ၊ လက်တွေ့(၆)လ၊ လုပ်ငန်းခွင် အတွေ့အကြုံများကို နိုင်ငံတကာ အဆင့်မှီ ဟိုတယ်များ ၊စားသောက်ဆိုင်များ နှင့် ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများတွင် ဝင်ရောက်လုပ်ကိုင်ကာ လုပ်ငန်းအတွေ့အကြုံ ရယူနိုင်မည် ဖြစ်ပါသည်။

ကျောင်းသူ၊ ကျောင်းသားတို့ လုပ်ငန်းခွင်အတွက် အဓိက လေ့ကျင့်ပျိုးထောင်ပေးသည့် NIM တွင် တက်ရောက် လိုသူများအနေနှင့် STUDY ABROAD INFORMATION CENTER တိုက်(အေ)၊ (၁၁)လွှာ၊ အခန်းအမှတ်(၁၁၀၃)၊ ဒိုင်းမွန်းကွန်ဒို၊(မေတ္တာဦးဆေးခန်း အနီး)၊ပြည်လမ်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့၊ဖုန်း-၀၉ ၅၁၅၁ ၀၀၈ ၊၀၉ ၂၄ ၂၄ ၀၄ သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ပြီ ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *