News

NSA ရဲ့ ပြည်သူတွေပေါ်မှာ ထောက်လှမ်းမှုကို ကာကွယ်ပေးမဲ့ BitTorrent ရဲ့ Messaging Service

Message ပို့သူ နဲ့ လက်ခံရရှိသူ နှစ်ယောက်ထဲသာ သိရှိနိုင်မဲ့ လုံခြုံစိတ်ချရတဲ့ Chat Service တစ်ခုကို BitTorrent က စတင်တော့မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ လ အနည်းငယ် က ကြေညာခဲ့ပါတယ် ။ ဒီနေ့တော့ BitTorrent ဟာ သူ့ရဲ့ Chat Service ဘယ်လိုအလုပ်လုပ်မလဲ ဆိုတာကို ဖော်ပြလိုက်ပြီ ဖြစ်ပါတယ် ။ BitTorrent ရဲ့ ပြောကြားချက်အရ BitTorrent ဟာ Security ပိုင်းဆိုင်ရာအရ ကျိုးပေါက်မှု့တွေရှိပြီး Government က Users တွေရဲ့ Data အချက်အလက်တွေကို တောင်းကြည့်လို့ရတဲ့ Central Server တွေပေါ်မှာ Users တွေကို Log In လုပ်စရာမလိုဘဲ ဆက်သွယ်လို့ရအောင်ပြုလုပ်ပေးမှာ ဖြစ်တယ်လို့ သိရှိရပါတယ် ။ BitTorrent ရဲ့ Message Service ဟာ Public Encryption Key ကို အသုံပြုပြီး Users တွေရဲ့ Message တွေကို တစ်ခြားသူတွေမသိအောင် Encrypt လုပ်ထားပေးမှာဖြစ်ပါတယ် ။ Users တွေဟာ Chat Service ကို စတင်နိုင်ဖို့ရာ Public Keys တွေကို အချင်းချင်း ဖလှယ်ထားရမှာဖြစ်ပါတယ် ။

ဘာဖြစ်လို့လဲဆိုရင် BitTorrent Chat မှာ Username နဲ့ Password တွေကို အသုံးပြုစရာ မလိုပါဘူး အလွယ်ပြောရရင်တော့ သင့်ရဲ့ Public Keys ဟာ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ် ။ ဒါကြောင့် Users တွေဟာ Chat Service ကို မစတင်ခင်မှာ အချင်းချင်း Public Keys တွေကို လဲလှယ်ရတာပဲ ဖြစ်ပါတယ် ။ Public Keys တွေနဲ့ Encrypt လုပ်ထားတဲ့ Message တွေကို ဖြေထုတ်ဖို့ Private Key ကိုတော့ Message ပို့သူရော လက်ခံသူရော ဘယ်သူမှ သိရှိမှာ မဟုတ်သေးပါဘူး ။ ဒါပေမဲ့ Chat တစ်ခုကို စတင်ပြီ ဆိုတာနဲ့ BitTorrent ကနေ Encrypt လုပ်ထားတာကို ဖြေထုတ်ဖို့ ယာယီ Key တစ်ခုကို ထုတ်ပေးမှာဖြစ်ပါတယ် ။ အဲ့ဒီ့ ထုတ်ပေးတဲ့ Key ကို သင့်အနေနဲ့ သင်လက်ရှိ Chat နေတဲ့ Chat Service တစ်ခုမှာသာလျှင် အသုံးပြုလို့ရမှာဖြစ်ပါတယ် ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင့်ရဲ့ Encrypt လုပ်ထားတာကို ဖြေထုတ်ဖို့ Key ကို တစ်စုံတစ်ယောက် ကများ ရရှိသွားခဲ့ရင်လဲ သင့်ရဲ့ Message တွေကို ၀င်ရောက်ကြည့်ရှု့လို့ မရနိုင်တော့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အထက်ကဖော်ပြခဲ့တဲ့အတိုင်း BitTorrent ကထုတ်ပေးလိုက်တဲ့ Key ဟာ Chat Service တစ်ခုမှာပဲ အသုံးပြုလို့ ရနိုင်တာကြောင့်ပဲ ဖြစ်ပါတယ် ။

User တွေအချင်းချင်း ချိတ်ဆက်ဖို့ကိုတော့ BitTorrent Chat ဟာ (Distributed Hash Table) DHT ကိုအသုံးပြုပြီး IP Address ကို ရှာဖွေမှာဖြစ်ပါတယ် ။ ဒါကြောင့် Central Server တွေကိုအသုံးပြုစရာ မလိုတော့ပါဘူး ။ သူ့ရဲ့ အလုပ်လုပ်ပုံကတော့ လွယ်လွယ် ဥပမာပေးရရင် သင်ဟာ သင်သိချင်တဲ့ လူတစ်ယောက်အကြောင်းကို သင့်ရဲ့ အိမ်နီးချင်း(Peer Network) တွေကို မေးမယ် ၊ အိမ်နီးချင်းတွေကလည်း သူတို့ရဲ့ အိမ်နီးချင်းတွေကို ထပ်မေးမယ် ၊ ဒီလိုအဆင့်ဆင့်မေးခြင်းအားဖြင့် သင်သိချင်တဲ့ သူရဲ့ IP Address ကိုရရှိမှာဖြစ်ပါတယ် ။ ဒီ BitTorrent Chat Service ကို ဘယ်အချိန်မှာ စတင်အသုံးပြုနိုင်မလဲဆိုတာကတော့ အတိအကျမသိရသေးပါဘူး ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *