News

Samsung Galaxy Tab Pro 8.4 ကို ဗြိတိန်တွင် ရောင်းပြီ

Samsung Galaxy Tab Pro 8.4 တက်ဘလက်ကို ဗြိတိန်တွင် စတာလင်ပေါင် (၃၄၉) ဖြင့် ရောင်းချပေးလိုက်ပြီဖြစ်ပါတယ်။ Galaxy Tab Pro 8.4 မှာ 2.3GHz Quad-Core Snapdragon 800 Processor တပ်ဆင်ထားပြီး Android 4.4 KitKat မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ 16GB or 32GB Internal Storage နှစ်မျိုးရွေးချယ်နိုင်ပါတယ်။ MicroSD Card လည်း အသုံးပြုနိုင်ပါတယ်။

Tab Pro 8.4 မှာ ၈.၄ လက်မအရွယ် Super Clear LCD Display တပ်ဆင်ထားပြီး Resolution မှာ 1600×2560 ဖြစ်ပါတယ်။ အဖြူ၊ အနက် နှစ်မျိုး ထုတ်လုပ်ပေးထားပါတယ်။ 2GB RAM ပါရှိပြီး အနောက်ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။ မျက်နှာချင်းဆိုင်မှာတော့ 2MP Camera တပ်ဆင်ထားပါတယ်။ GPS, Bluetooth 4.0 အသုံးပြုနိုင်ပါတယ်။ MicroUSB Port ပါရှိပြီး MHL နဲ့ USB On-The-Go ကို အထောက်အပံ့ပေးပါတယ်။ 4800mAh Battery တပ်ဆင်ထားပါတယ်။ NFC ကို အသုံးပြုလို့မရဘူးလို့ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *