News

Microsoft OneDrive မှာ Features အသစ်များပါမည်

လွန်ခဲ့တဲ့ ရက်သတ္တပတ်က Microsoft က British Sky Broadcasting Group နဲ့ Sky ဆိုတဲ့ နာမည်ကို မူပိုင်ခွင့်အတွက် တရားရင်ဆိုင်နေရတဲ့ အမှုမှာ ရှုံးနိမ့်သွားတဲ့အတွက် သူ့ရဲ့ Cloud Storage ဖြစ်တဲ့ SkyDrive ကို OneDrive လို့နာမည် ပြောင်းလိုက်ရပါတယ်။ ဒါပေမယ့် OneDrive ကို အသုံးပြုလို့မရသေးပါဘူး။ Microsoft က OneDrive မှာ Referrals လုပ်ရင် 8GB Storage ပေးမယ့် အစီအစဉ်တွေ ရှိတယ်လို့ LiveSlide ရဲ့ သတင်းအရသိရပါတယ်။ ဒါ့အပြင် Features အသစ်တွေလည်း ပါရှိလာမှာဖြစ်ပြီး မိုဘိုင်းကင်မရာက ရိုက်တဲ့ ဓာတ်ပုံတွေကို OneDrive နဲ့ Sync လုပ်နိုင်မှာ ဖြစ်ပါတယ်။

သူငယ်ချင်းတစ်ယောက်ကို OneDrive ကို အသုံးပြုဖို့ သိမ်းသွင်းနိုင်တယ်ဆိုရင် သင်ရော၊ သူငယ်ချင်းရော 500 MB Storage ကို ထပ်မံရရှိမှာဖြစ်ပါတယ်။ အများဆုံး သူငယ်ချင်းဆယ်ယောက်ကို သိမ်းသွင်းနိုင်ပြီး 5 GB ရရှိမှာဖြစ်ပါတယ်။ နောက်ထပ် 3GB ကို ရရှိဖို့ ဖုန်းကင်မရာက ရိုက်လိုက်တဲ့ ဓာတ်ပုံကို Sync လုပ်ပေးရမှာဖြစ်ပါတယ်။ Sync ပြုလုပ်နိုင်ဖို့ OneDrive App တွေကို Android, iOS အတွက် ပြုလုပ်ပေးထားပါတယ်။ ၀င်းဒိုးဖုန်းများမှာတော့ အဲဒီ စွမ်းဆောင်ချက်က Built-in ပါရှိပါတယ်။

Bonus ပေးတဲ့ 8GB က Expire ဖြစ်ခြင်းမရှိဘဲ နဂို ရရှိတဲ့ 7GB နဲ့ ပေါင်းရင် 15GB အထိ အခမဲ့ ရရှိမှာဖြစ်ပါတယ်။ OneDrive မှာ ဖိုဒါ တွေကို Share လုပ်ပြီး အသုံးပြုလို့ရလာမှာဖြစ်ပါတယ်။ အဲဒီစွမ်းဆောင်ချက်က ဖိုင်တွေကို Edit, Delete လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ OneDrive က ဖိုင်တွေကို Device တွေမှာ Sync လုပ်နိုင်ပါတယ်။ အရင်ပါရှိတဲ့ Feature ဖြစ်တဲ့ Office Documents တွေကို Create, Edit လုပ်တာတွေကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *