News

Mobile OS နှစ်မျိုး ပြောင်းလဲ အသုံးပြုနိုင်တဲ့ Geeksphone Revolution စမတ်ဖုန်း

မကြာမီက ကြေညာခဲ့တဲ့ Mobile OS နှစ်မျိုး ပြောင်းလဲ အသုံးပြုနိုင်တဲ့ Geeksphone Revolution စမတ်ဖုန်းရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ကို စပိန် ဖုန်းထုတ်လုပ်သူ Geeksphone က ထုတ်ဖော်ကြေညာလိုက်ပါတယ်။ Intel ရဲ့ Chip ကို အသုံးပြုထားပြီး ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ ယူရို (၂၈၉) (အမေရိကန် ဒေါ်လာ ၃၉၄) ဖြင့် ရောင်းချပေးမှာဖြစ်ပါတယ်။

ဖုန်းထုတ်လုပ်သူက အစောဆုံး ၀ယ်ယူတဲ့သူတွေကို ဈေးလျှော့ရောင်းချပေးမယ်လို့ အရိပ်အမြွက် ပြောကြားထားပါတယ်။ သတ်မှတ်ချိန်အတွင်းမှာ ၀ယ်ရင် ယူရို (၂၆၉) (အမေရိကန် ဒေါ်လာ ၃၆၇) ဖြင့် ရောင်းချပေးမှာဖြစ်ပါတယ်။

Geeksphone Revolution မှာ Android 4.2.2 နဲ့ Firefox OS 1.3 ကို တွဲဖက် အသုံးပြုထားပါတယ်။ 1.6GHz Intel Atom CPU တပ်ဆင်ထားပြီး ၄.၇လက်မ qHD IPS Display ပါရှိပါတယ်။ Resolution မှာ 2560×1440 Pixel ဖြစ်ပါတယ်။ 4GB Internal Storage, MicroSD Card အသုံးပြုနိုင်ပါတယ်။ အနောက်ဘက်မှာ 8MP Camera နှင့် မျက်နှာချင်းဆိုင် မှာ 1.3 MP Camera ပါရှိပါတယ်။ 1GB RAM တပ်ဆင်ထားပါတယ်။ 2000mAh Battery တပ်ဆင်ထားပါတယ်။ Accelerometer, Light and Proximity Detector လည်းပါရှိပါတယ်။

Geeksphone က အခြား ဖုန်းအမျိုးအစားတစ်ခုကိုလည်း တီထွင်နေပြီး Blackphone လို့ နာမည်ပေးထားပါတယ်။ Mobile World Congress မှာ ပြသမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *