Mobile, Review

Samsung Galaxy Grand Review

ဈေးသက်သာပြီး စကရင် အရွယ်အစားကြီးကြီး ကြိုက်သူတွေအတွက် Galaxy Grand က ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ CDMA , GSM နှစ်မျိုးစလုံးအသုံးပြုလို့ရတာကလည်း စွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။ ၅.၆၅ လက်မ အရွယ်အစားရှိပြီး HD Resolution ပါတဲ့ ငါးလက်မအရွယ် Display ကိုတပ်ဆင်ထားပါတယ်။ Samsung က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရည်ရွယ်ထားပါတယ်။ Galaxy Grand ရဲ့ စွမ်းဆောင်ချက်တွေကို အောက်မှာ ဆက်လက်လေ့လာရအောင်။

ဒီဇိုင်း
Galaxy Grand ဟာ Galaxy S 3 ထက်ကြီးမားပြီး Note 2, Note 3 ထက်သေးငယ်တဲ့ အရွယ်အစားရှိပါတယ်။ အရွယ်အစားအပြည့်အစုံက 5.65×3.03×0.38 လက်မ ဖြစ်ပါတယ်။ အရွယ်အစားကြီးမာပေမယ့် ပါးလွှာ ပြီးလက်ထဲမှာ အသုံးပြုလို့အဆင်ပြေပါတယ်။ အလေးချိန်က ၁၆၂ ဂရမ်ရှိပါတယ်။

မျက်နှာပြင်
Samsung က ဈေးသက်သာစေဖို့အတွက် သူ့ရဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းတွေမှာ အသုံးပြုတဲ့ AMOLED Screen ကို အသုံးမပြုဘဲ LCD ကို အသုံးပြုထားပါတယ်။ 480×800 Resolution ပါရှိပြီး တစ်လက်မ ကို Pixel သိပ်သည်းဆ ၁၈၇ ရှိပါတယ်။ ၄.၈ လက်မ HD Screen တပ်ဆင်ထားတဲ့ S 3 ဟာ တစ်လက်မ ကို Pixel သိပ်သည်းဆ ၃၀၆ ရှိတဲ့အတွက် Grand က အဲဒီအပိုင်းမှာ အားနည်းတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း ရုပ်ပုံတွေကို ကြည့်ရှုရာမှာ လုံလောက်တဲ့ ကြည်လင်ပြတ်သားမှုကိုရနိုင်ပါတယ်။

ပုံပန်းသွင်ပြင် နှင့် စွမ်းဆောင်ချက်များ
Samsung က S 3 မှာ စတင်အသုံးပြုခဲ့တဲ့ Nature UX ကို Grand မှာအသုံးပြုထားပါတယ်။ Android 4.1.2 ကို မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုက Multi-Window Mode ပါရှိတာဖြစ်ပြီး App နှစ်ခုကို တစ်ပြိုင်နက်အသုံးပြုနိုင်ပါတယ်။ App တွေရဲ့ Window Size ကိုလည်း နှစ်သက်သလို ချိန်ညှိနိုင်ပါတယ်။ ကီးဘုတ် ကလည်း Floating ဖြစ်ပြီး စကရင် ရဲ့ နှစ်သက်ရာနေရာမှာ အသုံးပြုနိုင်တဲ့အတွက် ရုပ်ရှင်တွေကြည့်နေရင်းက ပဲ ကွန်းမန့်တွေပေးလို့ရပါတယ်။ စကရင် အရွယ်ကြီးတဲ့အတွက် Multi-Window အသုံးပြုလို့အဆင်ပြေစေပါတယ်။
SIM Card နှစ်ခုကို ပြောင်းလဲအသုံးပြုဖို့ SIM Card Manager App ပါရှိပြီး Settings ထဲမှအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် Notification Bar ကနေ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ SIM App ကနေ ဆက်သွယ်မှု တွေကို ထိန်းချုပ်နိုင်ပါတယ်။ Card တစ်ခုကနေ အင်တာနက်အသုံးပြုနေရင် အခြား Card တစ်ခုကနေ ဖုန်းလက်ခံပြောနိုင်ပါတယ်။

Processor & Memory

Dual-Core 1.2GHz ARM Cortex-A9 ကို အသုံးပြုမောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ VideoCore IV GPU ကို အသုံးပြုထားပါတယ်။ Graphic Processor တွေရဲ့ စွမ်းဆောင်ရည်ကို နှိုင်းယှဉ် သုံးသပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ရလဒ်ကိုအောက်မှာမြင်တွေ့နိုင်ပါတယ်။ Galaxy Note 2 လို စွမ်းဆောင်ရည်မြင့် ဖုန်နဲ့ နှိုင်းယှဉ် ကြည့်ရင် သိပ်ကွာခြားမှုမရှိတာတွေ့ရပါတယ်။

Ashampoo_Snap_01

Galaxy Grand မှာ 1GB RAM ပါရှိပြီး 8GB Internal Storage ပါရှိပါတယ်။ 64GB အထိထပ်ဖြည့်နိုင်တဲ့ MicroSD Card လည်း အသုံးပြုနိုင်ပါတယ်။

အင်တာနက် နှင့် ဆက်သွယ်မှု
Samsung ရဲ့ WebKit Browser ပါရှိပြီး Web Page တွေကို Offline ဖတ်လို့ရအောင်သိမ်းနိုင်တဲ့ စွမ်းရည်ပါရှိပါတယ်။ Browser ကနေ Brightness ကို ချိန်ညှိနိုင်ပါတယ်။ ဒါပေမယ့် Android 4.1.2 ကို အသုံးပြုထားလို့ Adobe Flash ကို အသုံးပြုလို့မရပါဘူး။ Adobe Flash ကို Sideload လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

၀က်ဆိုက်တွေကို ကြည့်တဲ့အခါမှာတော့ 187ppi ပဲပါရှိတဲ့အတွက် သေးငယ်တဲ့ စာသားတွေကို Zoom ဆွဲပြီးဖတ်တဲ့အခါ မှုန်ဝါးဝါးဖြစ်နေပြီး ဖတ်ရ ခက်ခဲတာတွေ့ရပါတယ်။ အဲဒီအချက်က Grand ရဲ့ အဓိက အားနည်းချက်ဖြစ်ပါတယ်။
Grand ဟာ Carrier Network နှစ်ခုကို တစ်ပြိုင်နက် ဆက်သွယ်နိုင်ပါတယ်။ HSPA+ အသုံးပြုနိုင်ပြီး 21Mbps အထိ Download Speed ရရှိနိုင်ပါတယ်။ တစ်ချိန်ထဲမှာပဲ တစ်ခြား Card ကနေ ဖုန်းပြောနိုင်ပါတယ်။ WiFi, Bluetooth 4.0 , A-GPS , DLNA, FM Radio တို့ကို အသုံးပြုနိုင်ပါတယ်။ NFC ကိုတော့ အသုံးပြုလို့မရပါဘူး။

ကင်မရာ
8MP Camera ကို တင်ဆင်ထားပြီး စွမ်းဆောင်ရည် အလယ်အလတ်ရှိပါတယ်။ Camera App ရဲ့ သွင်ပြင် ကလည်း ကောင်းမွန်ပြီး Macro Mode နဲ့ များပြားသော Color Effect တို့ကိုအသုံးပြုနိုင်ပါတယ်။ HDR Mode တော့ မပါရှိပါဘူး။ မိုးရွာတဲ့နေ့တွေမှာတောင် ပုံထွက်ကောင်းတာတွေ့ရပါတယ်။ အရောင်ကာလာ တွေကလည်း အပြင် က အရောင်ကာလာ တွေနဲ့ ထပ်တူညီစွာ ရရှိပါတယ်။

1080 P အရည်အသွေးရှိတဲ့ Video တွေကို တစ်စက္ကန့်ကို Frame သုံးဆယ်အထိရိုက်ကူးနိုင်ပါတယ်။ ဓါတ်ပုံ၊ ဗီဒီယို နှစ်မျိုးစလုံး လျှင်မြန်စွာရိုက်ကူးနိုင်ပါတယ်။ အရောင်ကာလာတွေကိုလည်း အပြင်ကအတိုင်း ဖမ်းယူရိုက်ကူးပေးနိုင်ပြီး Frame အပြည့် ရိုက်ကူးပေးနိုင်ပါတယ်။

Multimedia
Samsung ရဲ့ Nature UX အသုံးပြုတဲ့ Music, Video Player တွေပါရှိပါတယ်။ Equalizer တွေပါရှိပြီး PopUp Play လုပ်နိုင်တဲ့အတွက် တစ်ခြား App တွေအသုံးပြုနေရင်းနဲ့ Player တွေကို အသုံးပြုနိုင်ပါတယ်။ Video Player ကို စကရင် ရဲ့ နေရာ တစ်နေရာ မှာ Pin လုပ်ထားနိုင်ပါတယ်။ DivX/Xvid Video Format တွေကို ကြည့်ရှုနိုင်ပါတယ်။

Gallery ကို Split View Mode နဲ့ပြပေးမှာဖြစ်ပါတယ်။ ဖိုဒါတွေကို ဘယ်ဘက် Column မှာပြပေးမှာဖြစ်ပြီး ဖိုဒါမှာပါတဲ့ Content တွေကို ညာဘက် Column မှာ ပြပေးမှာဖြစ်ပါတယ်။ လျှင်မြန်စွာ ပြောင်းလဲကြည့်နိုင်ဖို့အဆင်ပြေစေပါတယ်။

ဖုန်းပြောဆိုမှု အရည်အသွေး
Galaxy Grand နဲ့ဖုန်းပြောဆိုရာမှာ တစ်ဖက်က အသံတွေကို ပြတ်သားစွာကြားရပါတယ်။ Volume အသံ အသင့်အတင့် ထားရှိရင်တောင် ကောင်းမွန်စွာကြားရပါတယ်။ အသံဆူညံမှု ကို လျှော့ချပေးနိုင်တဲ့ ဒုတိယ Mic တစ်ခုမပါပေမယ့် Grand ကပြောတဲ့စကားကိုတစ်ဖက်မှာ ကျယ်လောင်ကောင်းမွန်စွာ ကြားရပါတယ်။

ဘက်ထရီ
2100mAh ဘက်ထရီ ကိုတပ်ဆင်ထားပြီး Galaxy S 3 နဲ့အတူတူပဲဖြစ်ပါတယ်။ ၁၀ နာရီကြာ ဖုန်းပြောဆိုနိုင်မှာဖြစ်ပါတယ်။ Dual-Standby စွမ်းဆောင်ချက်က ဖုန်း ဘက်ထရီ ကို အသုံးပြုမှုများနိုင်တာကို သတိပြုပါ။

အနှစ်ချုပ်
ငါးလက်မ အရွယ် စကရင် မှာ 480×800 WVGA Resolutin ပဲပါတဲ့အတွက် ရုပ်ထွက်ကြည်လင်ပြတ်သားမှုမှာအားနည်းပေမယ့် နေ့စဉ်အသုံးပြုမှုတွေအတွက်တော့ သင့်တော်ပါတယ်။ Dual-Core Processor ကတော့ ကောင်းမွန်ပြီး 8MP Camera ကလည်း ရုပ်ထွက်ကောင်းတဲ့ ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ 64GB အထိ ၀င်ဆန့်တဲ့ MicroSD Card ထည့်သွင်းအသုံးပြုနိုင်တဲ့အတွက် ဖိုင်များများ ၊ App များများအသုံးပြုတဲ့သူတွေအတွက် သင့်တော်ပါတယ်။ ဖုန်းအရွယ်အစားကြီးမားပြီး SIM Card နှစ်ခု အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက်ပါရှိတဲ့ ဖုန်း အမျိုးအစားလိုချင်ရင်တော့ Galaxy Grand ကလွဲပြီး ရွေးချယ်စရာ သိပ်မရှိတာတွေ့ရပါတယ်။ Samsung Galaxy S Duos က လည်း SIM Card နှစ်ခု အသုံးပြုနိုင်ပေမယ့် အရွယ်သေးငယ်ပြီး 5MP Camera ပဲပါရှိပါတယ်။ Sony Xperia E Dual က SIM Card နှစ်ခု အသုံးပြုနိုင်တဲ့ နောက်ထပ် ရွေးချယ်စရာ တစ်ခုဖြစ်ပြီး Grand ထက်အရွယ်သေးငယ်ပြီး 3.15MP Camera ပါရှိပါတယ်။ Galaxy Grand ရဲ့ ဈေးနှုန်းက (၂၈၀၀၀၀) ၀န်းကျင်ရှိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *