Gaming, Mobile, Review

Moga Ace Power Controller နဲ့ iPhone မှာ Game ကစားကြမယ်

Moga Ace Power ဆိုတာကတော့ သင့်ရဲ့ iPhone နဲ့ Game တွေကို တွဲဖက် ကစားနိုင်မဲ့ Game Controller တစ်ခုပါပဲ ဖြစ်ပါတယ် ။ ဒီ Game Controller ကိုအသုံးပြုခြင်းအားဖြင့် သင့် ဖုန်းရဲ့ Screen ကိုထိတွေ့စရာ မလိုဘဲ Game တွေကို ဆော့ကစားလို့ရပါပြီ ။ Moga Ace Power ဟာ iPhone 5, 5C, 5S နဲ့ Fifth-Generation iPod Touch တို့နဲ့ အဆင်ပြေပြေတွဲဖက်ကစားနိုင်ပါတယ် ။ Moga ဟာ iOS 7 Version အတွက် ပထမဆုံး Game Controller တစ်ခုဖြစ်ပါတယ် ။ သူရဲ့ တန်ဖိုးကတော့ ပေါင် ၈၀ ဖြစ်ပြီး Game တော်တော်များများ နဲ့လည်း အဆင်ပြေပြေ တွဲဖက်ကစားနိုင်ပါတယ် ။

ဒီဇိုင်း

phpxd5bry

Moga Ace Power ဟာ Xbox 360 Controller ရဲ့ ဒီဇိုင်းလိုမျိုး အလျားဟာ တိုပြီး ၊ Controller ရဲ့ Body ဟာ ပေါ့ပေါ့ပါးပါး ပုံစံ မဟုတ်ဘဲနဲ့ ထုထည်ကတော့ ကြီးမားပါတယ် ။ သူ့မှာ Analogue Stick ၂ ခု ၊ D-Pad တစ်ခု ၊ A-B-X-Y ဆိုတဲ့ အရောင်နဲ့ ခလုတ် လေးခု အပြင် Shoulder Buttons လေးခု ပါရှိပါတယ် ။ Controller Body ရဲ့ အလယ်မှာ ထွင်းကြောင်းပုံစံ Casing တစ်ခုဟာ သင့်ရဲ့ iPhone နဲ့ iPod Touch ကို နေရာကျအောင် လက်ခံနိုင်ဖို့ ဘေးသို့ ပြန့်ကားနေတဲ့ ပုံစံ အနေအထားနဲ့ ရှိနေမှာ ဖြစ်ပါတယ် ။ Controller နဲ့ သင့်ရဲ့ iPhone, iPod တွေကို ဆက်သွယ်ပေးမဲ့ Lightning Connector ဟာ ထိန်းချုပ်မှုအပိုင်း ကိုသာ မက Extra Power ကိုပါ ပေးစွမ်းမှာ ဖြစ်ပါတယ် ။ Controller မှာ Built-In Battery ပါ၀င်တဲ့ အတွက်ကြောင့် သင့် Devices တွေရဲ့ Battery သက်တမ်းကို ရှည်ကြာစေမှာ ဖြစ်ပါတယ် ။ သင့့်ရဲ့ Device ကို Controller ထဲ ထည့်သွင်းပြီးတာနဲ့ သင့်ရဲ့ Controller ကို ဘေးဘက်ကို ဖြန့်ထုတ်လို့ရပါတယ် ။ ပြီးတာနဲ့ ဖြန့်ထုတ်ထားတဲ့ ပုံစံ အတိုင်း သင့်ရဲ့ Controller ကို Lock လုပ်ထားလို့ ရပါတယ်။ ဒီ Feature ဟာ သင် Game ကစားနေတုန်း ရုတ်တရက် စိတ်လှုပ်ရှားပြီး မတော်တဆ သင့် IPhone ကို Controller နဲ့ ချိတ်ဆက်ထားမှု ပုံစံ မပျက်သွားအောင် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ သင့်ရဲ့ Controller ကို 10 mm ထိ ဖြန့်ထုတ်နိုင်တဲ့ အတွက်လည်း သင့်ရဲ့ IPhone ဟာ Cotroller ကနေ ပြုတ်ထွက်မသွားနိုင်ပါဘူး ။ ဒါကြောင့် IPhone 5 ထက် အလျားတိုတဲ့ IPhone 4 တွေကို ထည့်သွင်း ကစားလို့ မရနိုင်ပါဘူး ။ Moga Controller မှာ 3.5 mm ရှိတဲ့ Headphones Jack တစ်ခုပါရှိပြီးတော့ Battery အားသွင်းတဲ့ Micro USB Cable-Plug တစ်ခုပါရှိပါတယ် ။ Battery အားသွင်းရင်းနဲ့လည်း Controller ကို အသုံးပြုပြီး ဆော့ကစားလို့ရပါတယ် ။

phpamzeyo

တွဲဖက်ကစားနိုင်သော GAMES များ

phpi3k1i9

Moga Controller နဲ့ ဆော့လို့ ရတဲ့ Game တွေဟာ Apple Store မှာ သိပ်များများစားစား မရှိသေးပါဘူး ။ ဒီ ပြဿနာ ဟာ Mobile Controller တွေတော်တော် များများ ကြုံတွေ့နေရတဲ့ ပြဿနာပဲဖြစ်ပါတယ် ။ ခုချိန်ထိတော့ Controller နဲ့ ဆော့လို့ရတဲ့ Game အရေအတွက် ဟာ နည်းနေသေးပေမဲ့ နောက်အနာဂတ်မှာတော့ တဖြည်းဖြည်းနဲ့ များပြားလာမှာ အသေချာပါပဲ ။ Apple ကလည်း ဘယ် Games တွေဟာ Moga နဲ့ တွဲဆော့လို့ရလဲဆိုတာ တိတိကျကျ မဖော်ပြထားပါဘူး ။ ဒါပေမဲ့လည်း နာမည်ကြီး Game တွေဖြစ်တဲ့ Call of Duty, Strike Team, Limbo, Dead Trigger 2, and Lego Lord of the Rings စသည့် Game တွေကို တော့ ဆော့ကစားလို့ ရပါတယ် ။

ထိန်းချုပ်မှုအပိုင်း

phppptbta

Moga ကို တီထွင်ထုတ်လုပ်သူတွေ ဟာ Limbo, Dead Trigger 2, and Lego Lord of the Rings စသည့် Games များကို Moga နဲ့ စမ်းသပ်ဆော့ကစားမှုများပြုလုပ်ခဲ့ပါတယ် ။ သူတို့ ရဲ့ ပြောကြားချက်အရ Game တစ်ခုကို ဆော့ရာမှာ ထိန်းချုပ်မှုအပိုင်းဟာ Game ကိုရေးသား တီထွင်ထားတဲ့ Programmer တွေရဲ့ အပေါ်မှာ မူတည်တယ်လို့ သိရပါတယ် ။ ဥပမာ Lord of the Rings Game မှာဆိုရင် D-Pad ကိုသာ အသုံးပြုပြီး သွားလာလှုပ်ရှားမှုကို ထိန်းချုပ်လို့ ရပါတယ်။ ဒါပေမဲ့ Dead Trigger 2 မှာဆိုရင်တော့ Analogue Stick တွေကိုအသုံးပြုပြီး အပြည့်အ၀ ထိန်းချုပ် ဆော့ကစားလို့ရပါတယ် ။နောက်ပိုင်းမှာ Moga နဲ့ တွဲဖက်ကစားဖို့ Games တွေများပြားလာဖို့ကလည်း Game Developer တွေပေါ်မှာ အများကြီး မူတည်နေပါတယ် ။ ခုချိန်ထိတော့ Quality ကောင်းတဲ့ Game အနည်ငယ်ကိုသာ Moga နဲ့ တွဲဖက်ကစားနိုင်ပါသေးတယ် ။

သုံးသပ်မှု

အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း ခုချိန်မှာ Moga နဲ့ တွဲဖက်ကစားနိုင်တဲ့ Game ဟာ လက်တစ်ဆုပ်စာ သာရှိပါသေးတယ် ။ ဒါဟာ Moga ရဲ့ အပြစ်မဟုတ်ပါဘူး ။ Game Developer တွေရဲ့ ကျယ်ပြန့်စွာ တီထွင်နိုင်မှု မရှိသေးလို့ပါ ။ Moga ရဲ့ အားနည်းချက်တွေကတော့ Moga ရဲ့ ကိုယ်ထည်ကို Plastic နဲ့ ပြုလုပ်ထားခြင်း ၊ လိုအပ်သလို ထိန်းချုပ်ပြုလုပ်နိုင်စွမ်း မရှိမှုတို့ပဲ ဖြစ်ပါတယ် ။Moga ကို နောက်ထပ် အကြိုက်တွေ့စေမဲ့ အချက်ကတော့ Moga မှာ Built-In Battery ပါ၀င်တဲ့ အတွက် Game တွေကို ဆော့ကစားတဲ့ အခါမှာ အချိန်ကြာကြာ ဆော့ကစားနိုင်မှာပဲ ဖြစ်ပါတယ် ။ အားလုံးခြုံငုံသုံးသပ်ရရင်တော့ Moga ရဲ့ ဈေးနှုန်းသက်သာခြင်း ၊ သယ်ဆောင်ရလွယ်ကူခြင်း ၊ အသုံးပြုရလွယ်ကူခြင်း ၊ စွမ်းဆောင်ရည်ကောင်းမွန်ခြင်းတို့ကြောင့် ဂိမ်းသမားများ အကြိုက်တွေ့စေမှာပဲ ဖြစ်ပါတယ် ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *