Mobile, News

Sony Xperia Z1S Mini လာမည်

Sony Xperia Z1 ရဲ့ အရွယ်အစားသေးတဲ့ ဗားရှင်းဖြစ်တဲ့ Xperia Z1S Mini ကို US Federal Communications Commission ၀က်ဆိုက်မှာ တွေ့ရှိရပါတယ်။ Xperia Z1S Mini လို့ Nick Name ပေးထားတာဖြစ်ပြီး US Federal Communications Commission ၀က်ဆိုက်မှာတော့ Amami လို့နာမည်ပေးထားပါတယ်။

Sony က တရား၀င်ကြေညာခြင်းမရှိသေးဘဲ အွန်လိုင်းမှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။ ဒါပေမယ့် Sony Xperia Z1 ရဲ့ အာရှ မှာ ရောင်းချမယ့် ဗားရှင်းဖြစ်တဲ့ Z1F ကိုတော့ Sony က တရား၀င်ပြောကြားထားပါတယ်။ စွမ်းဆောင်ရည်မြင့် ဖုန်းတွေရဲ့ Mini Version တွေကို အရွယ်အစားသာမက Specification တွေကို ပါလျှော့ချထားတတ်ပေမယ့် Z1F , Z1S တို့မှာ တော့ အရွယ်အစားသာသေးငယ်ပြီး Specification တွေကိုတော့ Z1 အတိုင်းထည့့်သွင်းပေးမှာဖြစ်ပါတယ်။
FCC ၀က်ဆိုက်မှာ Z1S နဲ့ ပတ်သက်တဲ့ Specification တွေကို ဖော်ပြထားခြင်းမရှိဘဲ နာမည်ကိုတော့ Son D5503 Amami လို့ဖော်ပြထားပါတယ်။ Sony Xperia Z1 လိုပဲ Snapdragon 800 Processor , 20 Megapixel Camera တို့ အသုံးပြုမောင်းနှင်လည်ပတ်မယ်လို့ မျှော်လင့်ရပါတယ်။

Sony Xperia Z1 ရဲ့ အာရှ မှာရောင်းချမယ့် ဗားရှင်းကို Xperia Z1F လို့ တရား၀င် ခေါ်ဆိုပြီး ဥရောပ နဲ့ အမေရိက မှာ ရောင်းချမယ့် ဗားရှင်း ကိုတော့ Z1S လို့ နာမည်ပေးမယ်လို့မျှော်လင့်ရပါတယ်။ Amami က FCC အတွက် Code Name ဖြစ်တယ်လို့ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

အာရှ မှာ ရောင်းချတဲ့ Xperia Z1F ဟာ Xperia Z1 နှင့်တူညီပြီး ကောင်းမွန်တဲ့ Specification တွေပါရှိပါတယ်။ 20.1 Megapixel “G Lens” Camera , Quad-Core 2.2 GHz Snapdragon 800 Processor, 2GB RAM, 16GB Storage, NFC , Qi Wireless Charging, 2300mAh Battery တို့တပ်ဆင်ထားတာဖြစ်ပါတယ်။ အဲဒီ Specification တွေပါရှိတဲ့ Z1S ကို ဗြိတိန် နဲ့ အမေရိက မှာ မြင်တွေ့ရမယ်လို့မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *