Mobile, Review

Samsung Galaxy Grand 2 ၀ယ်မယ်ဆိုရင် ဒီဆောင်းပါးကို အရင်ဖတ်ပါ

Samsung က Galaxy Grand ရဲ့ မျိုးဆက် Grand 2 ကို ထုတ်လုပ်လိုက်ပါတယ်။ မျက်နှာပြင်အနည်းငယ်ကြီးမားလာပြီး ၅.၂၅ လက်မ ဖြစ်ပါတယ်။ Processor ကလည်းပိုမိုမြန်ဆန်လာပါတယ်။ Galaxy Grand 2 ကို Galaxy Grand , Galaxy Grand Quattro ဖုန်းများနဲ့ နှိုင်းယှဉ်ရေးသားပေးလိုက်ပါတယ်။

ပိုကောင်းလာတဲ့ Display

မျက်နှာပြင် အပိုင်းမှာ Grand 2 ဟာ ပိုမိုကြီးမားပြီးကောင်းမွန်လာပါတယ်။ ၅.၂၅ လက်မ မျက်နှာပြင်ကို အသုံးပြုထားပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ ရောင်းချခဲ့တဲ့ Grand နဲ့ မေလမှာ ရောင်းချခဲ့တဲ့ Grand Quattro ထက် ပိုမိုကြီးမားပါတယ်။ Grand 2 မှာ 720p Display တပ်ဆင်ထားပြီး 1280×720 Pixel Resolution ရှိပါတယ်။ ၄.၇ လက်မ Grand Quattro နဲ့ ငါးလက်မ Grand မှာ 480×800 Pixel Resolution သာပါရှိပါတယ်။

ပါးလွှာပြီးပေါ့ပါးမှု

Galaxy Grand 2 ဟာ ဖုန်းသုံးမျိုးအနက် အပါးလွှာဆုံးဖြစ်ပါတယ်။ ၈.၉ မီလီမီတာ အထူ ရှိပြီး Grand က ၉.၆ မီလီမီတာ ၊ Quattro က ၉.၇ မီလီမီတာ အထူ အသီးသီး ရှိပါတယ်။ Grand 2 မှာ Note 3 မှာလို အနောက်ဘက် ကို Leather နဲ့ ချုပ်လုပ်ထားသလို ထင်ရအောင် ပြုလုပ်ထားပေမယ့် တကယ်တမ်းတော့ ပလတ်စတစ် အခွံသာဖြစ်ပါတယ်။ အခြားဖုန်း နှစ်မျိုးထက် ကိုယ်တွယ်အသုံးပြုရတာ ကောင်းမွန်တာကိုတွေ့ရပါတယ်။

စိတ်၀င်စားစရာကောင်းတာက မျက်နှာပြင် ပိုမိုကြီးမားလာပြီး ပိုမိုကောင်းမွန်တဲ့ Processor ကို တပ်ဆင်ထားပေမယ့် အလေးချိန်က ပိုမိုများပြားလာခြင်းမရှိပါဘူး။ Grand 2 ဟာ ၁၆၂ ဂရမ် အလေးချိန်ရှိတဲ့ Grand ထက် တစ် ဂရမ်သာ ပိုမိုများပြားပါတယ်။

Processor ရဲ့ စွမ်းဆောင်ချက်

Samsung က Galaxy Grand , Galaxy Quattro တို့မှာ အသုံးပြုထားတဲ့ 1.2GHz Processor ကို ပဲ Grand 2 မှာ ထည့်သွင်းထားပေမယ့် Dual-Core အစား Quad-Core ကို အဆင့်မြှင့်ထားပါတယ်။ Grand 2 မှာ RAM ကို 1.5GB ထည့်သွင်းထားပြီးGrand မှာ 1GB သာ ထည့်သွင်းထားပါတယ်။ Grand , Grand 2 နှစ်မျိုးစလုံးမှာ 8GB Storage ထည့်သွင်းထားပါတယ်။ တိုးတက်ကောင်းမွန်လာတာက 64GB SD Card ကို အသုံးပြုနိုင်တာဖြစ်ပါတယ်။

ကင်မရာ နဲ့ ဘက်ထရီ

Samsung က Galaxy Grand ရဲ့ ကင်မရာကိုပဲ Grand 2 မှာ အသုံးပြုထားပါတယ်။ 8 Megapixel Camera ဖြစ်ပါတယ်။ မျက်နှာချင်းဆိုင် ကင်မရာ ကလည်း တူညီတဲ့ 1.9 Megapixel Camera ကိုပဲအသုံးပြုထားပါတယ်။ Camera App မှာ Best Face, Best Photo, Continuous Shot တွေကို ရိုက်နိုင်တဲ့ Features များပါရှိပါတယ်။

ဘက်ထရီ ကို အဆင့်မြှင့်ထားပြီး 2600mAh Battery တပ်ဆင်ထားပါတယ်။ ပိုမိုကြီးမားလာတဲ့ မျက်နှာပြင် နဲ့ Processor ရဲ့ စွမ်းဆောင်ရည် ကို အထောက်အပံ့ပေးနိုင်ပါတယ်။

ထူးခြားချက်က ဒီမှာပါ

ထူးခြားချက်က Android OS မှာဖြစ်ပါတယ်။ Grand 2 မှာ Android 4.3 Jelly Bean ကို အသုံးပြုထားပြီး Galaxy Note 3 မှာ ပါတဲ့ Features တွေကို အသုံးပြုနိုင်ပါတယ်။ Note 3 နဲ့ Galaxy S4 မှာပါတဲ့ Story Album, S Translator, S Travel , Sound and Shot, Samsung Hub, Group Play နဲ့ အခြား Premium Feature တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Samsung က Entertainment , Movies, Music, Live Show တွေပါတဲ့ Club Samsung ၀န်ဆောင်မှု ကို သုံးလအခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။

ဈေးနှုန်း

Grand ရဲ့ ဈေးနှုန်းက ၂၈၀၀၀၀ ဖြစ်ပြီး Grand 2 ရဲ့ ဈေးနှုန်းက ၃၆၀၀၀၀ ဖြစ်တဲ့အတွက် ရှစ်သောင်းလောက် ဈေးနှုန်းကြီးမြင့်လာတာ တွေ့ရပါတယ်။

နိဂုံး

Galaxy Grand 2 ဟာ အရွယ်အစားကြီးတဲ့ Phablet ဖုန်း အသုံးပြုချင်သူတွေအတွက် ရွေးချယ်စရာ တစ်ခုဖြစ်ပါတယ်။ သင့်တင့်တဲ့ ဈေးနှုန်း နဲ့ စွမ်းဆောင်ချက်တွေကို ရရှိနိုင်ပါတယ်။ Note 3 , S4 တို့မှာ ပါတဲ့ Samsung ရဲ့ Premium Feature တွေကို အသုံးပြုနိုင်တာ က အလွန်ကောင်းမွန်ပါတယ်။ အရောင်သုံးမျိုးရှိပြီး အဖြူ၊ အနက် ၊ ပန်းရောင်တို့ ရွေးချယ်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

5 thoughts on “Samsung Galaxy Grand 2 ၀ယ်မယ်ဆိုရင် ဒီဆောင်းပါးကို အရင်ဖတ်ပါ

  1. Than Tun says:

    ဖတ်မရပါ ဇော်ဂျီဖောင့်နဲ့တင်ပေးပါ

    1. Thu Ya says:

      zawgyi ရော unicode ပါ ဖတ်လို့ရအောင် ပြုလုပ်နည်းကို ဒီမှာ ဖတ်ပါ။ /how-to/browsers-zawgyi-unicode/

  2. Rakar Min says:

    ဘယ်လို့ ဖတ်ရမလဲ

  3. Suu Sha says:

    ဖွင့်လို့မရပါ

  4. Win Ic Naing says:

    မူရင်းဆိုက်ကိုသွားလိုက်ပါ ဇော်ဂျီနဲ့အဆင်ပြေပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *