News

Samsung က Galaxy Grand Neo ကို တရား၀င် ထုတ်ဖော်ပြသ

Samsung Galaxy Grand Neo သို့မဟုတ် Galaxy Grand Lite ထွက်ရှိမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာ ကြာပြီဖြစ်ပါတယ်။ ယခုအခါ Samsung က Galaxy Grand Neo အား တရား၀င်ထုတ်ဖော်ပြသခဲ့ပြီဖြစ်ပါတယ်။

Samsung Galaxy Grand Neo မှာ ၅လက်မ Display တပ်ဆင်ထားပြီး 800 x 480 Pixels Resolution ပါရှိပါတယ်။ 1.2 GHz Quad-Core A7 chipset နဲ့ 1 GB RAM တပ်ဆင်ထားပါတယ်။ အနောက်ဘက်တွင် 5 Megapixel ကင်မရာနဲ့ မျက်နှာချင်း ဆိုင်တွင် VGA ကင်မရာ တပ်ဆင်ထားပြီး Internal Memory 8 GB နှင့် MicroSD card ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Samsung ရဲ့နောက်ဆုံးထွက်ရှိတဲ့ Galaxy Grand Neo မှာ အခြားဆက်သွယ်မှုများကို အသုံးပြုလို့ရပေမယ့် 4 G LTE ကိုတော့ အသုံးပြုနိုင်ခြင်းမရှိပါ။ Android 4.2 Jelly Bean မောင်းနှင်လည်ပတ်မှာ ဖြစ်ပြီး 2,100mAh Battery တပ်ဆင်ထားပါတယ်။

Samsung Galaxy Grand Neo ကို $355 ဖြင့် နယ်သာလန် Online Store တွင် စျေးနှုန်းသတ်မှတ်ထားပြီး ၂၄ နာရီအတွင်း ပို့ဆောင် ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ အခြားစျေးကွက်များသို့လည်း မကြာမီ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

2 thoughts on “Samsung က Galaxy Grand Neo ကို တရား၀င် ထုတ်ဖော်ပြသ

  1. Moe Nya Nya says:

    စာတွေ ဖတ်လို့မရဘူး ဘာဖောင့်သုံးထားတာလည်း

  2. Thu Ya says:

    zawgyi , unicode နှစ်မျိုးလုံး ဖတ်လို့ရအောင် ပြုလုပ်နည်း။ /how-to/browsers-zawgyi-unicode/

Leave a Reply

Your email address will not be published. Required fields are marked *