Mobile, News

Sailfish OS သုံး Jolla Smartphone

သင့်အနေနဲ့ Android ဖုန်း နဲ့ iPhone တွေကို သုံးစွဲ ရတာငြီးငွေ့ နေပါသလား? Nokia နဲ့ အတူ မွေးဖွားလာခဲ့တဲ့ Smartphone Operating System အသစ်တစ်ခုဖြစ်တဲ့ Sailfish နဲ့ တည်ဆောက်ထားတဲ့ Jolla Smartphone ကိုပြောင်းလဲ သုံးစွဲ ကြည့်လိုက်ပါ ။ နို၀င်ဘာလ ကုန်ခါနီးလောက်က Finland နိုင်ငံတစ်နိုင်ငံထဲမှာပဲ ၀ယ်ယူနိုင်ခဲ့တဲ့ Jolla Smartphone ဟာ ခုချိန်မှာဆိုရင် Finland , Switzerland နဲ့ Europe နိုင်ငံတွေမှာ ၀ယ်ယူနိုင်ပါပြီ ။ ဈေးနှုန်းကတော့ ယူရို 399 ဖြစ်ပြီး အမေရိကန်ဒေါ်လာနဲ့ ဆိုရင်တော့ 545 ဖြစ်ပါတယ် ။ လာမဲ့ ၂၀၁၄ ခုနှစ်မှာတော့ နိုင်ငံတော်တော် များများ ကို ဖြန့်ချီနိုင်မယ်လို့ ခန့်မှန်းထားကြောင်း သိရှိရပါတယ် ။

Jolla Smartphone ရဲ့ မျက်နှာပြင်အကျယ်ကတော့ ၄.၅ လက်မဖြစ်ပြီး Resolution ကတော့ 540×960 Pixel ဖြစ်ပါတယ် ။ Jolla ဟာ Dual-Core 1.4GHz Qualcomm Snapdragon 400 Processor ကို အသုံးပြုထားတာဖြစ်ပါတယ်။ RAM ကတော့ 1GB ရှိပြီး Internal Storage ကတော့ 16GB ဖြစ်ပါတယ်။ Jolla မှာ အရှေ့ နဲ့ အနောက် ကင်မရာ နှစ်ခု ပါ၀င်မှာ ဖြစ်ပါတယ် ။ Video Chat တွေ ပြုလုပ်နိုင်တဲ့ အရှေ့ဘက် ကင်မရာ မှာတော့ 2 Megapixel ဖြစ်ပြီး ကျောဘက် ကင်မရာ ကတော့ 8 Megapixel ဖြစ်ပါတယ် ။ Jolla ရဲ့ တစ်ခြားသော ဖုန်းတွေနဲ့ မတူတဲ့ အချက်ကတော့ သူ့ရဲ့ နောက်ကျောဘက် အခွံ (Smart Cover ) ကို ဖြုတ်ပြီး Colour အမျိုးမျိုးနဲ့ ပြောင်းလဲအသုံးပြုလို့ရပါတယ် ။ နောက်ကျောဘက် အခွံ (Smart Cover ) ကို“The Other Half” လို့ခေါ်ပါတယ် ။ ဒါ့အပြင် နောက်ကျောဘက် အခွံနေရာမှာ Keyboard , E-ink Screen တို့ကို ထည့်သွင်းအသုံးပြုလိုရကြောင်း သိရှိရပါတယ် ။

jolla-sailfish-phone-650x0

Nokia ရဲ့ Window Phone တွေပေါ်ကို ပြောင်းလဲအာရုံစိုက်မှုကို မလိုလားတဲ့ Nokia ရဲ့ အလုပ်သမားဟောင်းတွေက Jolla ကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ် ။ Sailfish OS ဟာ MeeGoo Software ပေါ်မှာ အခြေခံထားတာဖြစ်ပြီး Android Application တော်တော်များများ နဲ့လည်း အဆင်ပြေတယ်လို့ သိရှိရပါတယ် ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *