News

“Robotic Programming (Learning for Life; Learning to Innovate)” အကြောင်း ဟောပြောပွဲ ကျင်းပမည်

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းမှ ကြီးမှုး၍ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက် (စနေနေ့) နေ့လယ် (၂:ဝ၀ မှ ၄:ဝ၀) နာရီအထိရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park၊ အခန်း (၂၀၅) တွင်ကွန်ပျူတာပညာရှင် ဦးစိုးမိုးအောင် (Verizon Wireless, USA) မှ “Robotic Programming (Learning for Life; Learning to Innovate)” နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပေးမည် ဖြစ်သည်။

အဆိုပါ ဟောပြောပွဲ၌ သိပ္ပံနည်းပညာ၊ သင်္ချာပညာရပ်များကို အသုံးချ၍ Robotic စက်ရုပ်တစ်ခုကို Programming နည်းပညာဖြင့် မည်ကဲ့သို့ ထိန်းချုပ်ခိုင်းစေနိုင်သည်ကို ပြောကြားပေးသွားမည်ဖြစ်သည်။

အဆိုပါ ဟောပြောပွဲကို အထက်တန်းကျောင်းသားများ၊ ကောလိပ်ကျောင်းသားများ၊ ဘွဲ့ရပြီးသူများနှင့် တကွ Robotic Programming ကို စိတ်ပါဝင်စားသူမည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း (၄)၊ MICT Park၊ ဖုန်း – ၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *