News

Speaker ၂ ခု ပါရှိတဲ့ XOLO A500 Club Smartphone

အိန္ဒိယနိုင်ငံအခြေစိုက် SmartPhone နဲ့ Tablet ထုတ်လုပ်တဲ့ XOLO က A500 Smartphone ရဲ့ မျိုးဆက်ကို ကြေငြာလိုက် ပါတယ်။ A500 Club ဟာ Processor ပိုင်းမှာ သူ့အရင်မျိုးဆက်ထက် ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင် ထားပါတယ်။ အခြား Specifications များမှာ တူညီပြီး ၄ လက်မ အရွယ် 480 x 800 IPS Display တပ်ဆင်ထားပါတယ်။ 1.3GHz Dual-Core CPU Processor ထည့်သွင်းအသုံးပြုထားပါတယ်။ 4GB Internal Storage ပါရှိပြီး Micro SD ကတ် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 512MB RAM တပ်ဆင်ထားပြီး Android 4.2 Jelly Bean ကို အသုံးပြုလည်ပတ် မောင်းနှင်မှာ ဖြစ်ပါတယ်။ Battery ကတော့ 1,400 mAh ဖြစ်ပါတယ်။

XOLO A500 ရဲ့ အဓိက တိုးတက်ကောင်းမွန်လာမှုမှာ ဖုန်းရဲ့ မျက်နှာပြင် အပေါ် အောက်တွင် Speaker တစ်ခုစီ တပ်ဆင်ထားပြီး သီချင်းများကို အလွယ်တကူ ပြောင်းရွှေ့နိုင်တဲ့ Float Bar ပါရှိပါတယ်။

XOLO A500 ကို အဖြူရောင် ထုတ်လုပ်ထားပြီး အိန္ဒိယ ရူပီး 7,099(အမေရိကန် ဒေါ်လာ 115) ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *