News

BLU ရဲ့ VIVO Smartphone

အမေရိကန်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်တဲ့ အသေးစား Company တစ်ခုဖြစ်တဲ့ BLU က လွန်ခဲ့တဲ့ တစ်လလောက်က Life Series အမျိုးအစားများဖြစ်တဲ့ Android Smartphone အသစ်ငါးမျိုးကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း စွမ်းဆောင်ရည် အလယ်အလတ်ရှိတဲ့ Vivo Smartphone ကို ထုတ်လုပ်ပြသလိုက်ပါတယ်။

Vivo 4.8 HD လို့ အမည်ပေးထားပြီး အဖြူ၊အနက်၊ပန်းရောင်၊အစိမ်းရောင်များ ထုတ်လုပ်ထားပါတယ်။ ၄.၈ လက်မ 720×1280 Super AMOLED Display တပ်ဆင်ထားပါတယ်။ Mediatek ရဲ့ 1.5GHz Quad-Core Chip ကို အသုံးပြုထားပါတယ်။ 1GB RAM, 16GB Storage ပါရှိပါတယ်။ အနောက်ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ ၆.၉ မီလီမီတာ အထူရှိပါတယ်။ LTE အသုံးပြုလို့မရပေမယ့် HSPA+ ကို အသုံးပြုနိုင်ပြီး 42Mbps အမြန်နှုန်း ရရှိမှာဖြစ်ပါတယ်။ Android 4.2 Jelly Bean အသုံးပြုမောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ ဒေါ်လာ ၂၄၉ သတ်မှတ်ထား ပြီး Unlocked အနေနဲ့ ရောင်းချမှာဖြစ်ပါတယ်။ အမေရိကန် နှင့် လက်တင်အမေရိက နိုင်ငံများကို စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

Vivo 4.8 HD ဟာ Blu ရဲ့ ကောင်းမွန်တဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ ၄.၈ လက်မ မျက်နှာပြင်က အရမ်းမကြီးတဲ့အတွက် အလယ်အလတ်အရွယ် ဖုန်း အသုံးပြုချင်သူတွေအတွက် သင့်တော်ပါတယ်။ Mobile Carrier များ နဲ့ စာချုပ်ချုပ်စရာမလိုဘဲ အလွတ်ရောင်းချတာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *