Mobile, News, Review

ချိုသာတဲ့ဈေးနှုန်းနဲ့ အရည်အသွေးကောင်းကောင်း ထုတ်လုပ်ထားတဲ့ Redmi Note 8 Pro

Redmi Note 8 Pro Green

Redmi ဖုန်းတွေဟာ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းတဲ့ဘတ်ဂျက်စမတ်ဖုန်းတွေအဖြစ် သုံးစွဲသူတွေ လက်ခံထားကြတဲ့ ဖုန်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း Xiaomi ဟာ ပေးရတဲ့ဈေးထက် ပိုတန်တဲ့ ဖုန်းတစ်လုံးဖြစ်တဲ့ Redmi Note 8 Pro ကို ကောင်းမွန်တဲ့ ကိုယ်ထည်တည်ဆောက်ပုံအပြင် လုပ်ဆောင်ချက် အစုံအလင်နဲ့တကွ ဖြန့်ချီလိုက်ပြီဖြစ်ပါတယ်။ ပြိုင်ဘက်တွေထက် သာလွန်စေရန်အတွက် Redmi Note 8 Pro ကို Brand New Helio G90T Chipset ၊ fast-charging ပါဝင်ပြီး 4500 mAh ထိရှိတဲ့ Battery နဲ့ နောက်ကျောဘက်မှာ ကင်မရာလေးလုံးအထိ တပ်ဆင်ပေးထားလို့  ဘတ်ဂျက်ဖုန်းတွေထဲမှာ ရှာမှရှားတဲ့ Hardware ပိုင်းကို တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။

ဒီ Redmi Note8 Pro Global Version ဟာ မျက်နှာပြင်အကျယ် 6.53 လက်မရှိပြီး 19 : 5 : 9 Aspect Ratio ဖြစ်ပါတယ်။ Resolution က Full HD 2340*1080 pixel ဖြစ်ပြီးတော့ မျက်စိကိုထိခိုက်စေတဲ့ အပြာရောင် အလင်းထုတ်လွှတ်မှုကို ကာကွယ်ပေးတဲ့ နည်းပညာပါဝင်ပါတယ်။ ဒါ့အပြင် မှန်မျက်နှာပြင်တင်သာမက နောက်ကျောဘက်ကိုပါ နာမည်ကျော် Corning Gorilla Glass 5 နဲ့ ကာကွယ်ပေးထားပါတယ်။ အဓိကကင်မရာအနေနဲ့ Samsung GW1 64-megapixel ကင်မရာကိုတပ်ဆင်ပေးထားပြီး 8MP ရှိ ultrawide ကင်မရာတစ်လုံး၊ 2MP ရှိ macro video ကင်မရာ (focal length of 2cm) တစ်လုံးနဲ့ 2MPရှိ Depth Sensor တို့ပါဝင်ပါတယ်။ အခြားဘတ်ဂျက်ဖုန်းတွေထက်သာလွန်တဲ့အချက်က Note 8 Pro Global Version ဟာ 960fps နဲ့ slow motion videos တွေကိုရိုက်ကူးနိုင်ခြင်းဖြစ်ပါတယ်။ Selfie ရိုက်ကူးမှုအတွက် 20MP ရှိ selfie camera ကိုတပ်ဆင်ပေးထားပြီး Feature တွေအနေနဲ့ AI Smart Beauty နဲ့ မျက်နှာပြင်နဲ့ဖုန်းဖွင့်နိုင်တဲ့ AI face unlock ပါဝင်ပါတယ်။ 

အခြားဖုန်းတွေထက်နောက်ထပ်သာလွန်နေတဲ့အချက်တစ်ခုက ကြီးမားတဲ့ဘတ္ထရီပါဝါဖြစ်ပြီး 18W fast charging, USB Type-C အသုံးပြုထားတဲ့ 4500 mAh ဘတ္ထရီကိုတပ်ဆင်ပေးထားပါတယ်။ RAM 4GB ၊ ROM 64 GB နဲ့ထုတ်လုပ်ထားပြီး OS အနေနဲ့ Android 9 Pie – MIUI 10 ကိုအသုံးပြုပေးထားပါတယ်။ ဘတ်ဂျက်ဖုန်း Level ထဲကိုမှ နောက်ကျောကင်မရာလေးလုံး၊ RAM 4GB၊ ROM 64GB ၊ 18W fast charging နဲ့ 4500 mAh ဘတ္ထရီတပ်ဆင်ပေးထားပြီး ရောင်းဈေးကလည်း ၂၈၁,၀၀၀ ကျပ်ပဲရှိတာမို့ အရမ်းတန်တဲ့ဖုန်းတစ်လုံးလို့ ပြောရမှာပါ။ ဒီဖုန်းလေးကို စိတ်ဝင်စားလို့မှာယူချင်တယ်ဆိုရင်တော့ ict.com.mm မှာ အောက်ပါလင့်ခ် ကနေတဆင့် ဝင်ရောက်မှာယူလို့ရပါတယ်ဗျ။

https://ict.com.mm/product/xiaomi-redmi-note-8-pro-green-6gb-64gb/

Leave a Reply

Your email address will not be published. Required fields are marked *