Laptops, News, Review

အံ့ဩလောက်စရာ လက်ရာတွေကို ဖန်တီးပေးနိုင်မဲ့ msi Modern 14 (A 10M) လက်ပ်တော့

လက်ပ်တော့ Brand တွေထဲမှာ နာမည်ရ Brand တစ်ခုဖြစ်တဲ့ msi ကတော့ သေးငယ်ပေါ့ပါးပြီး ဖန်တီးမှုအားကောင်းကောင်းနဲ့ Modern 14 (A 10 M) လက်ပ်တော့ကို ထုတ်လုပ်လိုက်ပါပြီ။

မျိုးဆက်သစ်တွေဖြစ်တဲ့ 10th Gen. Intel® Core™ i5 processor နဲ့ ultra-fast SSD (256 GB) ကို ပေါင်းစပ်ပေးထားတာကြောင့် Windows Boot Up Time နဲ့ လုပ်ဆောင်ချက်တွေဟာ သာမန်လက်ပ်တော့တွေထက် မြန်ဆန်ပါတယ်။

Laptop ရဲ့ OS ပိုင်းအတွက် Built-in Windows 10 Home (License) ကို ထည့်သွင်းပေးထားတဲ့အတွက် Windows 10 ရဲ့အရသာကို Error ကင်းကင်းနဲ့ ခံစားနိုင်စေမှာဖြစ်ပါတယ်။

Display ပိုင်းမှာဆိုရင် 14″ THIN BEZEL Full HD (IPS-Level 72% NTSC) ကိုတပ်ဆင်ထားပြီး Resolution ကတော့ 1920×1080 (16:9) ပဲဖြစ်ပါတယ်။ တည်ဆောက်မှုပိုင်းမှာ Aluminium ကိုယ်ထည်နဲ့တည်ဆောက်ထားပြီး 2.6 ပေါင်ပဲ အလေးချိန်ရှိလို့ အတော်လေးကို ပေါ့ပါးတဲ့ Laptop တစ်လုံးလို့ ပြောရမှာပါ။ ဒါ့အပြင် Laptop ရဲ့ အထူဟာ 0.63 လက်မ ပဲရှိတဲ့အတွက် အပါးလွှာဆုံး Laptop တစ်လုံးလို့ပြောရင်လည်း မမှားပါဘူး။ 

Data Connection ပိုင်းအတွက် USB 3.2 Gen 1 – Type A (2)ခု ၊ USB 3.2 Gen 1 – Type C (2)ခု တပ်ဆင်ပေးထားပါတယ်။ USB ပေါက်တွေကို USB 2.0 ထက် ဆယ်ဆမြန်ဆန်တဲ့ USB 3.2 ကို တပ်ဆင်ပေးထားလို့ Data အသွင်း/အထုတ် မြန်ဆန်တဲ့ Laptop တစ်လုံးလည်းဖြစ်ပါတယ်။

Battery အတွက် 4 cells/3290mAH ကိုတပ်ဆင်ပေးထားပြီး (10) နာရီအထိ အားခံတဲ့အတွက် တနေကုန်အလုပ်လုပ်ဖို့ကိုလည်း အဆင်ပြေစေပါတယ်။ Laptop တစ်လုံးမှာအရေးကြီးတဲ့ အပူဒဏ်ကိုကာကွယ်ဖို့အတွက် ပန်ကာ(2)လုံးနဲ့ အပူပိုက်(3)ခု ပါဝင်တဲ့ Cooler Boost 3 Technology ကို အသုံးပြုပေးထားတဲ့အတွက် အလုပ်တွေအများကြီးကို အပူဒဏ်ကင်းကင်းနဲ့ သက်တောင့်သက်သာ လုပ်ကိုင်နိုင်စေမှာဖြစ်ပါတယ်။ အဖြူရောင် Back-light ကီးဘုတ်ကိုတပ်ဆင်ပေးထားတဲ့အတွက် ညဘက်အရေးပေါ်အလုပ်လုပ်ရတဲ့အချိန်မှာလည်း အခက်အခဲမရှိ အလုပ်လုပ်ကိုင်နိုင်ပါတယ်။ 

လျင်မြန်တဲ့ 10th Gen i5 Processor ၊ Software နဲ့ Windows Boot Up time ကိုမြန်ဆန်စေတဲ့ SSD ၊ အရောင်အသွေးစုံပြီး မြင့်မားတဲ့ Resolution ၊ 0.63 လက်မပဲရှိတဲ့ ပါးလွှာမှု ၊ (10)နာရီအထိ အားခံတဲ့ ဘတ္ထရီ နဲ့ အဆင့်မြင့် Laptop အအေးပေးစနစ် တို့ပေါင်းစပ်ထည့်သွင်းပေးထားတဲ့ ဒီ msi Modern 14 (A 10 M) Laptop ဟာ ပေါ့ပါးမြန်ဆန်လှပတဲ့ စွယ်စုံရ Laptop တစ်လုံးလို့ပဲ ဆိုရမှာပါ။ ဒီ လက်ပ်တော့လေးကို သဘောကျနှစ်ခြိုက် ဝယ်ယူချင်တယ်ဆိုရင်တော့ ict.com.mm မှာ 1,205,000 ကျပ်နဲ့ အောက်ပါလင့်ခ်ကနေတဆင့် ဝင်ရောက်မှာယူနိုင်ပါတယ်ဗျ။

🛍 https://ict.com.mm/product/msi-modern-14-a10m-grey-i5-10th-gen/

Leave a Reply

Your email address will not be published. Required fields are marked *