Laptops, News, Review

Dell ချစ်သူတွေအတွက် စွယ်စုံရ Laptop တစ်လုံး (သို့မဟုတ်) Dell Vostro 5581

ဒီ Laptop ကို စမြင်လိုက်တာနဲ့ သတိပြုမိမဲ့အချက်က ကျစ်လျစ်ပါးလွှာတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ 15.6” size ရှိပေမဲ့ ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းက သုံးစွဲသူကို စတိုင်ကျနေစေမှာဖြစ်ပြီး မျက်နှာပြင်ကျယ်ပြန့်တဲ့ ကွန်ပြူတာတွေကိုသဘောကျပြီး သွားသွားလာလာအသုံးပြုချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

Gaming Laptop တွေမှာလို အလင်းပါတဲ့ ကီးဘုတ်ကို ထည့်သွင်းပေးထားပြီး ကိုယ့်လက်ရဲ့ ရွေ့လျားသမျှ တိကျစွာညွှန်ပြပေးမဲ့ Touchpad ပါဝင်တာကြောင့် အလုပ်တွေကို ပိုပြီးတော့သက်တောင့်သက်သာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ NVIDIA® MX130 discrete graphic ကိုထည့်သွင်းပေးထားတဲ့အတွက် အလုပ်တွေအများကြီး တပြိုင်နက်အသုံးပြုချင်သူတွေ၊ Graphic ကောင်းကောင်းသုံးပြီး အလုပ်လုပ်ဖို့လိုအပ်သူတွေအတွက်အဆင်ပြေမဲ့ Laptop ကောင်းတစ်လုံးလည်းဖြစ်ပါတယ်။ Peak shift နည်းပညာကိုထည့်သွင်းပေးထားတဲ့အတွက် ပလပ်တပ်ပြီးအသုံးပြုနေတဲ့အချိန်မှာတောင် အလိုအလျောက် ဘတ္ထရီပါဝါသုံးစွဲမှုအဖြစ်ပြောင်းလဲပေးပြီး မီးအားသုံးစွဲမှုကို လျှော့ချပေးနိုင်ပါတယ်။ Energy အသုံးပြုမှုချွေတာတဲ့ Laptop ဖြစ်လို့ အမိကမ္ဘာမြေရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ပူးပေါင်းပါဝင်သူအဖြစ် မိမိကိုယ်ကို ဂုဏ်ယူလို့ရပါသေးတယ်။

ကွန်ပြူတာအသုံးပြုတဲ့အခါ ဘေးဘောင်အကျယ်ကြီးနဲ့ အသုံးပြုရတာ တကယ်စိတ်ရှုပ်စရာကောင်းပါတယ်။ ခေတ်ဟောင်းပုံတုံး ကွန်ပြူတာကြီးနဲ့ အလုပ်လုပ်နေရတော့ အိုင်ဒီယာအသစ်တွေ ထွက်ဖို့လည်းမလွယ်ပါဘူး။ Dell Vostro 5581 မှာ ဘေးဘောင်တွေကို ပါးပါးလေးပဲ ထည့်သွင်းပေးထားတဲ့အတွက် ကိုယ့်ရဲ့ screen ကို အပြည့်အဝအာရုံစိုက်ပြီး အလုပ်လုပ်လို့ရပါတယ်။ Full HD display ပါဝင်တဲ့အတွက် ကွန်ပြူတာရဲ့မြင်ကွင်းဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် အကောင်းဆုံးမြင်ကွင်းကို ရရှိမှာဖြစ်ပါတယ်။ နည်းပညာအသစ်ဖြစ်တဲ့ In-Plane Switching (IPS) technology ပါဝင်လာတာကြောင့် ပြတ်သားပြီး ကျယ်ပြန့်တဲ့မြင်ကွင်းတွေကို မြင်ရမှာဖြစ်ပါတယ်။ ဂိမ်းဆော့တဲ့သူတွေနဲ့ အနုပညာဖန်တီးသူတွေ အကြိုက်တွေ့မဲ့ မြင်ကွင်းအရသာပဲဖြစ်ပါတယ်။

Hardware ပိုင်းအတွက် Intel® Core™ i7-8565U Processor 1.80 GHz (8MB Cache, up to 4.6 GHz) နဲ့ RAM 8GB DDR4, 2666MHz 1x8GB (2 Slot) ကိုတပ်ဆင်ပေးထားပါတယ်။ Storage ပိုင်းအတွက် သမာရိုးကျ Hard drive အစား File အဖွင့်အပိတ်မြန်ဆန်တဲ့ 256GB ရှိတဲ့ SSD ကိုထည့်သွင်းပေးထားပါတယ်။ OS အတွက်ကိုတော့ Windows 10 Home ထက်သာလွန်တဲ့ နာမည်ကျော် Windows 10 Pro ကို ထည့်သွင်းပေးထားပါတယ်။ ဘတ္ထရီပိုင်းမှာတော့ 3 Cell Battery ကိုတပ်ဆင်ပေးထားပါတယ်။
လက်ဆောင်အနေနဲ့ Dell Orginal Bag တစ်လုံး၊ Dell Original Mouse တစ်လုံးပါဝင်ပြီးတော့ Warranty တစ်နှစ်ပါရှိပါတယ်ဗျ။ လက်ရှိရောင်းဈေး ၁,၂၄၃,၀၀၀ ကျပ် (5% လျှော့ဈေးအစီအစဉ်ဖြင့် – ၁, ၁၈၂,၀၀၀ ကျပ်) ဖြင့် ICT.com.mm မှာ အောက်ပါလင့်ခ်မှတဆင့် ဝယ်ယူရရှိနိုင်ပါတယ်ဗျ။

စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ဒီဇိုင်းပိုင်းရော စွမ်းဆောင်မှုပိုင်းမှာပါ ပြောစရာမရှိတဲ့ Dell Vostro 5581 ကို လျှော့ဈေးအမီ အမြန်ဝယ်ယူနိုင်ကြဖို့ သတင်းကောင်းပါးလိုက်ရပါတယ်ဗျ။

🛍 https://ict.com.mm/product/dell-vostro-5581-urban-gray-i7-8th-gen/

#dell #dellvostro #dellvostro5581 #ict #shopping #myanmar

Leave a Reply

Your email address will not be published. Required fields are marked *