Gadgets, Review

ဂိမ်းချစ်သူတွေ စွဲမက်ကြတဲ့ Razer

Razer ဟာ ကမ္ဘာတလွှား ဂိမ်းနဲ့ပတ်သက်တဲ့ hardware ပစ္စည်းအမျိုးမျိုးထုတ်လုပ်ပေးတဲ့ ကုမ္ပဏီဖြစ်ပြီး eSports အတွက်လည်း ပံ့ပိုးပေးလျက်ရှိပါတယ်။ ရုံးချုပ်တွေကို အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ Irvine မြို့နဲ့ စင်ကာပူနိုင်ငံမှာ ရုံးဖွင့်လှစ်ထားပါတယ်။

Razer ကို ၁၉၉၈ ခုနှစ်က စင်တီယာဂိုအခြေစိုက် kärna LLC လုပ်ငန်းစုရဲ့လုပ်ငန်းခွဲအဖြစ် တည်ထောင်ခဲ့ပြီး ကွန်ပျူတာဂိမ်းသမားတွေအတွက် အထူးရည်ရွယ်ပြီး ဈေးကွက် စဖွင့်ခဲ့ပါတယ်။

kärna LLC ဟာ ၂၀၀၀ ပြည့်နှစ်မှာ ဘဏ္ဍာရေးကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ပြီးနောက် လက်ရှိ Razer လုပ်ငန်းအားလုံးကို ၂၀၀၅ ခုနှစ်မှာ စင်ကာပူ NUS ဘွဲ့ရသူ Min-Liang Tan နဲ့ Robert Krakoff တို့က ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဂိမ်းပစ္စည်းတွေ အဓိကဦးစားပေးထုတ်လုပ်တဲ့ Razer ဟာ gaming laptops, gaming tablets တွေနဲ့အတူ PC သုံး မောက်စ်အမျိုးမျိုး၊ audio ပိုင်းဆိုင်ရာပစ္စည်းတွေ၊ ကီးဘုတ်တွေပါ ဖြန့်ဖြူးရောင်းချပေးပါတယ်။
Razer Comms လို့ အမည်ပေးထားတဲ့ VOIP ဆော့ဖ်ဝဲလ်ကိုလည်း ရေးသားထုတ်လုပ်ခဲ့ပါတယ်။

The Razer DeathAdder ဂိမ်းသီးသန့်မောက်စ်ဟာ ကုမ္ပဏီရဲ့အဝယ်လိုက်ဆုံးနဲ့ ရေပန်းအစားအဆုံးထုတ်ကုန်ဖြစ်ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်ဂိမ်းသမားတွေရဲ့ ၅ ရာခိုင်နှုန်းလောက်ဟာ Razer မောက်စ်ကို စွဲမက်စွာနဲ့ သုံးစွဲနေကြတုန်းပဲ ဖြစ်ပါတယ်။

Razer ထုတ်ကုန်မျိုးစုံကို ICT.com.mm မှာ စိတ်တိုင်းကျ ရွေးချယ်ကြည့်ပါ။

https://www.ict.com.mm/brand/razer/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *