News

Gamerတို့အတွက် Motherboardနဲ့ Headset

ASUSရဲ့ Gaming Motherboard

Intelရဲ့ Fourth Generation CPUဖြင် ့ထုတ်လုပ်ထားတဲ့ASUS MAXIMUS VI EXTREME (1150 socket) (ROG series) Gaming Motherboardနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီMotherboardရဲ့ Chipsetကတော့ Z87 ဖြစ်ပြီး Memoryကို 32G DDR3ထိအသုံးပြု နိုင်မှာဖြစ်ပါတယ်။ Graphic Cardစိုက်ဖို့အတွက် ကတော့PCI-E 5 slot ထိပါရှိမှာဖြစ်ပြီး PCIx4 & PCI-miniတို့ကတော့ 1 Slotဆီ အသုံးပြုနိုင်မှာပါ။

Data Transferအတွက် အကောင်းဆုံးဖြစ်အောင် SATA 6GBထိ အသုံးပြုထားသည့်အပြင် Raid 0/1/5/10ထိ Supportပေးမှာပါ။ Audio 8 channel ရမှာဖြစ်ပြီး Bluetooth V4.0နဲ့ Wi-Fi အတွက် Dual-Band Frequency 2.4/5 GHzတို့ပါ တစ်ပါတည်း ထည့်သွင်းအသုံးပြုထားတဲ့ Motherboardဖြစ်ပါတယ်။ Graphic ကို SLI & Crossfire နှစ်မျိုးစလုံး အသုံးပြုနို်င်ပြီး USB 3.0 လည်းပါရှိမှာပါ။ Port တွေအနေနဲ့တော့ DisplayPort,HDMI,USB 3.0,Audio jackတို့ တစ်ပါတည်းပါရှိမှာ ဖြစ်ပါတယ်။

Window 8 အသုံးပြုနိုင် ပြီးထူးခြားတာက OC Panelလို့ခေါ်တဲ့ Overclock တိုင်းတဲ့ ကိရိယာ ပါတဲ့အတွက် အလွယ်တကူ OCလုပ်နိုင်မှာပါ။ Gamerများအတွက် အကောင်းဆုံး Performanceတွေကို အသုံးပြုထားတဲ့ ASUS MAXIMUS VI EXTREME Gaming Motherboardကိုတော့ Golden Power Technology နဲ့ ကွန်ုပျူတာဆိုင်များ မှာဝယ်ယူရရှိနိုင်ပြီး Warranty 3 Years(Parts and Service)အပြင် ဈေးနှုန်းကတော့ US $ 485 ဖြစ်ပါတယ်။ အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၂၂၆၆၆၄၊ ၂၁၀၉၄၃နဲ့ ၂၁၅၈၁၅တို့ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

ဂိမ်းသမားများအတွက် SHOCK Blasting Red Headset

ဂိမ်းဝါသနာအိုးများအတွက် Ttesportsကနေ ထုတ်လုပ်ထားတဲ့ Gaming Headsetနဲ့ မိတ်ဆက်ပေးပါရစေ။ Ttesportsရဲ့ Shock Blasting Red Gaming Headset ကတော့တစ်ခြား Headset တွေနဲ့မတူပါဘူး။ Stereo Surround Soundလို့ခေါ်တဲ့ အနီးဆုံးနဲ့ အတိကျဆုံးအသံကို ပေးစွမ်းနိုင်မှာဖြစ်ပြီး Game ကစားရာတွင် သက်တောင့်သက်သာဖြစ်စေမဲ့ Design ဖြစ်ပါတယ်။ Gameကစားရာတွင် တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုလို့ရအောင် Foldable Microphoneလည်း ပါရှိမှာဖြစ်ပါတယ်။

ပြင်ပဆူညံသံတွေ ကိုဖယ်ရှားပေးမဲ့ Innovative Noise Cancelling System ပါရှိမှာပါ။ ဒါ့အပြင် Bass အသံကောင်းကောင်း ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်စွမ်းရှိတဲ့ Enhanced Bass Performance လည်းပါရှိမှာဖြစ်ပါတယ်။ Color အနေနဲ့ orange,blue,yellow,black,red တွေနဲ့လာပြီး warranty 2 years သတ်မှတ်ပေးထားပါတယ်။ ဈေးနှုန်း ကတော့ ၄၀ဒေါ်လာ ဝန်းကျင်ဖြင့် Golden Powerရုံးနဲ့ ကွန်ပျူတာဆိုင် အများစုမှာ ဝယ်ယူရရှိနိုင်ပါတယ်။ အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၂၁၀၉၄၃၊ ၂၂၆၆၆၄တို့ကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *