News

Qualcomm က Snapdragon Glance ဆိုတဲ့ Application ကို Android ဖုန်းတွေအတွက် ထုတ်လုပ်

ပြီးခဲ့တဲ့နှစ်က Qualcomm က Battery Guru ဆိုတဲ့ Application ကို ထုတ်လုပ်ခဲ့ပြီး Snapdragon Processor တပ်ဆင်ထားတဲ့ဖုန်းတွေမှာ ဘက်ထရီ ကြာရှည်စွာ အသုံးခံအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အခုတစ်ခါမှာလည်း Snapdragon Glance (Beta) ဆိုတဲ့ Android App ကို ထုတ်လုပ်ပေးလိုက်ပြီး Notifications, Appointment, Weather စတဲ့ သတင်းအချက်တွေကို Smartphone ရဲ့ Lock Screen မှာ ပြသပေးမှာ ဖြစ်ပါတယ်။ Snapdragon Glance ကို အသုံးပြုဖို့ Battery Guru Application ကို အရင် ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။

Android Phone တွေအတွက် Lock Screen App တွေများစွာ ရှိပေမယ့် Snapdragon Glance မှာ အဓိက Feacture တွေ ပါရှိမယ်လို့ သိရပါတယ်။ Snapdragon Glance Application က အခုမှ Beta အဆင့်ပဲ ရှိသေးတာ ဖြစ်တဲ့အတွက် လာမယ့်လ များမှာ Feacture အသစ်တွေ ပိုမို ပါ၀င်လာမယ်လို့ မျှော်လင့်ရပါတယ်။

Snapdragon Glance (Beta) ရဲ့ Feature တွေကတော့ Calendar Events, Missed Calls, SMS, Emails နဲ့ တခြား Notification တွေကို ဖုန်းကို Unlock လုပ်လိုက်တာနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ Time, Alarm နဲ့ Weather Updates စတဲ့ သတင်းအချက်တွေကိုလည်း Lock Screen မှာ ပြသပေးမှာ ဖြစ်ပါတယ်။ Contacts နဲ့ Application ကိုလည်း Snapdragon Glance က အကြံပြုပြသပေးနိုင်ပါတယ်။ ကြိုက်နှစ်သက်ရာ Application များကို လျှင်မြန်စွာ အသုံးပြုနိုင်ဖို့ Lock Screen မှာ ကိုယ်တိုင် Add လုပ်နိုင်ပါတယ်။ Snapdragon Glance ကို နှစ်သက်သလို Configure ပြုလုပ်နိုင်ပါတယ်။ Application ကို အောက်ပါ Link တွင် Download ပြုလုပ်နိုင်ပါတယ်။ Snapdragon Chip တပ်ဆင်ထားတဲ့ ဖုန်းများမှာသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သင့်ဖုန်းမှာ တပ်ဆင်ထားတဲ့ Processor ကို သိနိုင်ဖို့ CPU-Z ကို အသုံးပြုနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.xiam.snapdragon.glance

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *