News

လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်း၊ ပရိဘောကပြုလုပ်မှု အတတ်ပညာသင်တန်းနှင့် သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်း တို့၏ မိတ်ဆက်ပွဲ အစည်းအဝေးဖိတ်ကြားခြင်း

အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း (Center for Vocational Training-CVT Myanmar) တွင် စီးပွားရေးလုပ်ငန်း နယ်ပယ်အသီးသီးရှိ လူငယ်များ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အောင်မြင်ကျွမ်းကျင်အရည်အသွေး ပြည့်ဝသော ဝန်ထမ်းများဖြစ်မြောက်စေရန် ဆွစ်ဇာလန်နိုင်ငံမှ အလှူရှင်များ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်တွင်းရှိ လုပ်သက်ရင့် အတွေ့အကြုံရှိအရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမများနှင့် ဆွစ်ဇာလန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းသင်ကြားနေသော သင်တန်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာအရည်အချင်း ဆယ်တန်းအဆင့် ရှိသူ လူငယ်များ အပါအဝင် စိတ်ပါဝင်စားသူ မည်သူမဆို ဤသင်တန်း မိတ်ဆက်ပွဲ(Information Metting)သို့ တက်ရောက် နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ ၂၂ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၄ ခုနှစ် (စနေနေ့)
အချိန်။ ။ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ။
နေရာ။ ။ အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း (CVT Myanmar)

အမှတ်(၄၂)၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းချုပ်အဆောက်အဦ၊ သုံးလွှာ၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၁ ၃၈၃၆၇၆

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။