News

Quad-Core တပ်ဆင်ထားတဲ့ Samsung Galaxy Mega Plus

Samsung Galaxy Mega Plus ကို Samsung တရုတ်၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ မော်ဒယ် နာမည်ကို I9152P လို့ပေးထားပြီး Dual-SIM GSM/WCDMA အသုံးပြုနိုင်ပါတယ်။ Samsung Galaxy Mega 5.8 ကို အဆင့်မြှင့်ထားတဲ့ ဗားရှင်းဖြစ်ပြီး 1.2GHz Quad-Core CPU ကို အသုံးပြုထားပြီး ထုတ်လုပ်သူကိုတော့ မသိရသေးပါဘူး။

Samsung Galaxy Mega Plus မှာ ၅.၈ လက်မ qHD (960×540) Pixels Display တပ်ဆင်ထားပါတယ်။ 1.5GB RAM, 8GB Internal Storage, MicroSD Card Slot တို့ပါရှိပါတယ်။ အနောက်ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပြီး မျက်နှာချင်းဆိုင်မှာ 1.9 Megapixel Camera တပ်ဆင်ထားပါတယ်။ Android 4.2.2 Jelly Bean ကို TouchWiz နဲ့ တွဲဖက် အသုံးပြုထားပါတယ်။

Samsung Galaxy Mega Plus ရဲ့ အရွယ်အစားအပြည့်အစုံမှာ 162.6 x 82.4 x 8.99mm ဖြစ်ပါတယ်။ အလေးချိန်က (၁၈၃.၅) ဂရမ် ရှိပါတယ်။ Phablet အမျိုးအစားဖြစ်ပြီး 2600mAh Battery တပ်ဆင်ထားပါတယ်။

Samsung Galaxy Mega Plus ကို ရောင်းချမယ့် နိုင်ငံများကိုတော့ ကြေညာခြင်းမရှိသေးပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *