News, Travel

နေပြည်တော် ဗုဒ္ဓဂယာသို့ ဘုရားဖူးသိန်းဂဏန်းရှိ

နေပြည်တော် ဗုဒ္ဓဂယာသို့ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်အခါကြီး ရက်ကြီးများတွင် ဘုရားဖူးလာရောက်သူ သိန်းဂဏန်းအထိရှိကြောင်း စေတီတော်ကွပ်ကဲမှု အဖွဲ့အတွင်းရေးမှုး ဦးစိန်မင်းက နို၀င်ဘာ ၂ရက်တွင်ပြောကြားခဲ့သည်။

“ဒီကို သီတင်းကျွတ် လပြည့်လိုနေ့မျိုးဆိုရင် ဘုရားဖူးတွေ သိန်းနဲ့ချီပြီး၀င်ပါတယ်။ ပုံမှန်ရက်တွေ ဆိုရင်လည်း သောင်း ဂဏန်းလောက်ရှိပါတယ်။ နိုင်ငံခြားသားတွေတော့ အများကြီးမလာကြသေးပါဘူး “ဟု၄င်းကဆိုသည်။

ဗုဒ္ဓဘာသာ၀င်များအထွတ်အမြတ်ထားရာ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာသို့ ဘုရားဖူးမသွားရောက် နိုင်ကြသူများ အတွက် ပြည်တွင်း၌ဖူးမြော်နိုင်ရန် ရည်ရွယ်ပြီးပုဗ္ဗသီရိမြို့နယ် ဥဒယရံသီကုန်းတော် ပေါ်တွင်တည်ထားသည့် အဆိုပါဗုဒ္ဓဂယာကို ၂၀၁၃ ခုနှစ်၊မေလ၂၄ရက် ကဖွင့်လှစ်ခဲ့သည် ဟုသိရသည်။

ဂေါတမမြတ်စွာဘုရားဖြစ်တော်စဉ်၏ ဖွားမြင်တော်မူခြင်း၊ ဘုရားအဖြစ်ပွင့်တော်မူခြင်း၊ ဓမ္မာစကြာတရားဟောကြားတော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းစသည့် ဖွား၊ ပွင့်၊ ဟော၊ စံ ဟူသော လေးဌာနအနက် ဘုရားပွင့်တော်မူသည့် ဌာနကိုသာ တည်ဆောက်ပြီးစီးထားခြင်းဖြစ်ပြီး အခြားသော ရပ်ဌာနများကို ဆက်လက်တည်ဆောက်လျက်ရှိ ကြောင်းသိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *