Mobile, News, Review

ခန့်ညားထည်ဝါတဲ့ ကိုယ်ထည်နဲ့Lenovo Smartphone အသစ် A860

ခန့်ညားထည်ဝါတဲ့ကိုယ်ထည်နဲ့Lenovo Smartphone အသစ် A860

Lenovoချစ်ပရိတ်သတ်များအနေဖြင့်၂ သိန်းဝန်းကျင်နဲ့ ဒီဇိုင်းလှပပြီး အရည်အသွေးမြင့်မားတဲ့ Lenovo Smartphone ကို ရွေးချယ်ဝယ်ယူနိုင်ရန်အတွက် အသစ်ဝင်ရောက်လာတဲ့ Lenovo A860 Smartphone နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ SIM ကဒ် ၂ ခုတပြိုင်တည်းအသုံးပြုနိုင်တဲ့ Dual SIM ဖုန်းအမျိုးအစား ဖြစ်ပြီးGSM/WCDMA ကွန်ယက်ကို ထောက်ပံ့ပေးတာ ကြောင့် MPT, Ooredoo , Telenor ကြိုက်တာအသုံးပြုနိုင်ပါတယ် ။ ဖုန်းရဲ့ ပြင်ပDesginကို ကြည့်မယ်ဆိုရင် အလူမီနီယံ အရောင်အသွေးရှိတဲ့ သတ္တုကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး ဖုန်း Screen မျက်နှာပြင် အရွယ်အစား ၅.၃ လက်ရှိတာကြောင့် Smart Style Smartphone တစ်လုံးပဲ ဖြစ်ပါတယ် ။ ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင် အမြန်နှုန်း 1.3 GHz ရှိတဲ့ Quad Core CPU နဲ့အဓိက မှောင်းနှင်ထားပြီး RAM Memory 2 GB ဖြင့် ထောက်ပံ့ထားတာကြောင့် တချိန်တည်း Application တစ်ခုထက်မက အသုံးပြုလိုရင်ပဲဖြစ်ဖြစ် ၊ မြန်နှုန်းမြင့် အင်တာနက် အသုံးပြုလိုရင်ပဲဖြစ်ဖြစ် ၊ HD Game ကစားရင်ပဲဖြစ်ဖြစ် လျင်မြန်ပေါ့ပါးတဲ့ အတွေ့အကြုံကိုပေးစွမ်းထားတာတွေ့ရပါတယ် ။ ၅ လက်မကျော် ကျယ်ဝန်းတဲ့ IPS Touch Screen မှာ HD ရုပ်ထွက်ရရှိနိုင်ဖို့ Screen Resolution 1280x720p ပါဝင်ပါတယ်။

Camera ဝါသနာရှင်များအတွက်လည်း 13 Megapixel Main Camera နှင့် Selfie Camera 5 Megapixelကို ထည့်သွင်းထားပါတယ် ။ ဖုန်းအတွင်းအချက်အလက်တွေ အလုံအလောက် သိမ်းဆည်းထားနိုင်ဖို့ Internal Storage 16 GB အထိ ပါဝင်ပြီးဖြစ်တဲ့ အပြင် 64 GB အထိ ထပ်မံတိုးချဲ့နိုင်ဖို့ micro SDcard Slot အပိုပါ ပါဝင်ပါသေးတယ်။ တစ်ခေါက် အားသွင်းရုံဖြင့် 3G ကွန်ယက်ပေါ်မှာ ၅ နာရီလောက် ဆက်တိုင် ဖုန်းပြောနိုင်မှာဖြစ်တာကြောင့် ဖုန်းစွမ်းဆောင်ရည်ပိုင်း သာမကဖုန်းရဲ့ Battery စွမ်းဆောင်ရည်ပါ မြင့်မားတဲ့ Smartphone ဖြစ်ပါတယ်။ အခြား Smartphone တွေထက် မသိမသာ အလေးချိန်များတယ် ဆိုပေမယ့် Lenovo A860 ရဲ့ စွမ်းဆောင်ရည် နဲ့ သတ္တုကိုယ်ထည် ဒီဇိုင်းက Lenovo ပရိတ်သတ်များ အထူးကြိုက်နှစ်သက်စေမယ့် Smartphone အသစ်ပဲဖြစ်ပါတယ် ။ Lenovo A860 Smartphone ကို Warranty ၁ နှစ် အပါအဝင် ဈေးနှုန်း ၂၃၅,ဝ၀ဝ ကျပ်ဖြင့် KMD Sales Centre ကြီးများတွင် ဝယ်ယူနိုင်ပါတယ်။ Lenovo A860 နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါကဖုန်း 01-381-129, 01-381-035 Ext :124,146 သို့ ဆက်သွယ်မေးမြန်း နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *