News

ပိတ်ထားတဲ့ အိမ်ကကွန်ပျူတာကို အဝေးကနှိုးပြီး အသုံးပြုနိုင်တဲ့ ASRockHome Cloud

ASRockရဲ့ 8 Series မားသားဘုတ်တွေမှာ ပါတဲ့ Home Cloudသည် ပိတ်ထားသည့် ကွန်ပျူတာကို Smart Phone, Tabletနှင့် အခြား ကွန်ပျူတာဖြင့် အဝေးကနေ လှမ်းဖွင့်ပြီး မိမိခရီးသွားစဉ် အိမ်က ကွန်ပျူတာမှာ ကျန်ခဲ့တဲ့ ဖိုင်၊ အီးမေး၊ ဓါတ်ပုံ၊ စာရင်းဇယားများကို အသုံးပြုနိုင် သောကြောင့် အလွန်အသုံး၀င်ပါသည်။ ထို့ပြင် အရေးကြီး အီးမေးအကောင့် Passwordများကို ဖုန်းမှာထည့်မထားပဲ အိမ်ကကွန်ပျူတာတွင် ထားသုံးခြင်းဖြင့် လမ်းခရီးတွင် ဖုန်းမှ Passwordများကို မသမာသူ လက်ထဲရောက်စေခြင်းမှ ကာကွယ်ပြီးသား ဖြစ်စေပါသည်။ ၄င်း Featureကို အသုံးပြုရန် ASRock 8 Series မားသားဘုတ်ကို Windows8ဖြင့် တွဲဖက် အသုံးပြုရမည် ဖြစ်သည်။ အသေးစိတ်ကို http://www.asrock.com/feature/homecloud/တွင် လေ့လာဖတ်ရှုနိုင်ပြီး ဖုန်း ၃၇၆-၁၈၀ (ASRock Myanmar Distributor)သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Model : Fatal1ty H87 Performance
Price   : USD 130

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *