Apps

Laptop ဘက်ထရီ ကုန်မကုန်သိစေဖို့

Laptop သုံးသူများအတွက် ဘက်ထရီစွမ်းအင် ဘယ်လောက်ရှိနေသေးတယ်။ ကုန်ခါနီးပြီ စတာတွေကို အလွယ်သိနိုင်တဲ့ ဆော့ဖ်ဝဲတွေ ရှိပါတယ်။ တ်စခါတလေ ဘက်ထရီ အားမသွင်းပဲ သုံးနေရင်းနဲ့ အရေးကြီး စာဖိုင်များ မသိမ်းခင် Laptop ပိတ်သွားတတ်ပါတယ်။ အဲဒီလို မဖြစ်အောင် ကြိုတင်သိနိုင်မယ့် နည်းတွေ ရှိပါတယ်။ ဘာတွေလဲဆိုတော့ Power Meter Plus ဆိုတာပဲ ဖြစ်ပါတယ်။ Matt Collinge, Copyright 2003 (www.mattcollinge.co.uk) မှ ထုတ်လုပ်တဲ့ Power Meter Plus v.1.6.1 ဆော့ဖ်ဝဲဟာ screen မှာ ဆလင်းဒါလိုပုံနဲ့ ဘက်ထရီအား ဘယ်လောက်ရှိနေသေးတယ်ဆိုတာ ပြပေးပါတယ်။ Toolbar (ညာဘက်အစွန်)က icon ကို မောက်စ်နဲ့ ထောက်ကြည့်ရင်လည်း Laptop ကို ဘက်ထရီပါဝါနဲ့ ဘယ်နှစ်နာရီ သုံးနိုင်သေးတယ်၊ ပါဝါရာခိုင်နှုန်း ဘယ်လောက်ဆိုတာ ပြပါတယ်။ နောက် ဘက်ထရီပါဝါ ၈ ရာခိုင်နှုန်းဆိုရင် သတိပေးစာပေါ်လာပြီး ၇ ရာခိုင်နှုန်း လက်ကျန်မှာတော့ ကွန်ပျူတာကို Hibernate နဲ့ ပတ်လိုက်ပါလိမ့်မယ်။

ဖိုင်အရွယ်အစား 135KB ရှိပြီး အခမဲ့ download ချယူသုံးနိုင်ပါတယ်။ Battery Care ကတော့ ဘက်ထရီရဲ့အခြေအနေနဲ့ လုပ်နိုင်စွမ်း (capacity)ကို ပြပေးပြီး အချိန်ဘယ်လောက်ကြာ သုံးနိုင်သေးတယ်ဆိုတာကို ပြပါတယ်။ ဘက်ထရီသာမက CPU နဲ့ hard disk drives တို့ရဲ့ အပူချိန်ကိုလည်း ပြပေးနိုင်ပါတယ်။ Battery Alarm ကိုတော့ Laptop က ဘက်ထရီကိုအကာအကွယ်ပြု ပေးဖို့ရာ ဒီဇိုင်းထုတ် ရေးသားထားပါတယ်။ ဘက်ထရီကို ကြာရှည်စွာ သုံးနိုင်အောင် အထောက်အကူပြုပေးခြင်းလည်း ဖြစ်ပါတယ်။ copyright 2009 pwqsoft(website: http://www.pwqsoft.com) မှ ထုတ်လုပ်ပါတယ်။

Laptop အသစ်တစ်လုံးဝယ်ပြီဆိုတာနဲ့ ဘက်ထရီသက်တမ်းကို စတင်စစ်ဆေးဖို့ရာ Imtec Battery Mark (Tester) ကို တင်ထားသင့်တယ်လို့ ထင်ပါတယ်။ Notebook, Laptop ထုတ်လုပ်သူတွေကတော့ သူတို့ရဲ့ ဘက်ထရီကို ဘယ်နှစ်နာရီ သုံးနိုင်တယ်။ ဘယ်လောက်သက်တမ်း (battery life) ရှိတယ်ဆိုတာ ပိုပိုကဲကဲ ကြေညာတတ်ကြပါတယ်။ ဒါကြောင့် Imtec Battery Mark ကို သုံးပြီး အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ Imtec Battery Marker ကို ရုရှားကုမ္ပဏီမှ ထုတ်လုပ်ပြီး အခမဲ့ download ချယူသုံးနိုင်ပါတယ်။ ဘက်ထရီကို စစ်ဆေးပေးတဲ့ Test Tool လို့လည်း ဆိုနိုင်ပါသေးတယ်။ ဘက်ထရီဗို့ကို ဂရပ်နဲ့ Excel မှာ ဒါမှမဟုတ် ပုံအနေနဲ့ ပြပေးပါတယ်။ အခြားအချက်အလက်များလည်း ရှိပါသေးတယ်။ Laptop Battery Tester software (http://download.cnet.com/Laptop-Battery-Tester/3000-20944-1046852.html#ixzz1ftgN93or) မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ကွန်ပျူတာပြင်ဆိုင်အများစုကတော့ Laptop battery capacity test ကိရိယာကိုသုံးကြတာ တွေ့ရပါတယ်။ USB port နဲ့ တပ်ဆင်သုံးနိုင်ပြီး ဆော့ဖ်ဝဲလည်း ပါဝင်တာကို တွေ့ရှိရပါတယ်။ လေ့လာသုံးကြည့်နိုင်ပါတယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *