News

ဂူးဂဲလ်ရဲ့ Cloudကို အလိုလျောက် Encryptလုပ်ပြီ

Googleကတော့ ၎င်းတို့ရဲ့အခပေး အချက်အလက်သိုလှောင်မှု Cloud Storage ၀န်ဆောင်မှုကို Auto-Encryptလုပ်တော့မှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ခြင်းဟာ အမေရိကန် NSA(National Security Agency)ရဲ့ ပြည်သူ့အချက်အလက်တွေ အပေါ် ၀င်ရောက်စွက်ဖက်မှုမှ ကာကွယ်တုံ့ပြန်ရန် ဖြစ်တယ်လို့လည်း ခန့်မှန်းရပါတယ်။ အချက်အလက်Data တွေကို Diskပေါ်မှာ မထည့်သွင်းခင်တည်းက Google Cloud Storageအနေနဲ့ 128-bit Advanced Encryption Standard(AES-128) ကိုသုံးပြီး Dataတွေကို အလိုလျောက် ကာကွယ်ပြီးသား ဖြစ်နေမှာပါ။ Google Cloud Serviceဟာ အခကြေးငွေပေးရတဲ့ အချက်အလက် သိုလှောင်ရာ နေရာတစ်ခုဖြစ်ပြီး Ubisoft, DNAnexusစတဲ့ အဓိကသုံးစွဲသူ၊ ကုမ္ပဏီတွေကို ဦးတည်ထားတာလည်း ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ Dataတွေကို Transferမလုပ်မီ သူတို့ရဲ့ကိုယ်ပိုင် စကား၀ှက်(Encryption)တွေကို ထိန်းချုပ်စီမံနိုင်ပြီး အဆိုပါ Encryption Featureကိုတော့ အခမဲ့ရယူနိုင်အောင် စီစဉ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Googleရဲ့ ပြောကြားချက်အရတော့ အဆိုပါစနစ်ဟာ Dataအသစ်တွေမှာ စတင်လုပ်ဆောင်နေပြီး Dataအဟောင်းတွေ အတွက်လည်း မကြာခင်ကာလတွေမှာ Encryptလုပ်ပေးသွားမှာပါ လို့ဆိုပါတယ်။ အစိုးရရဲ့ လျှို့၀ှက်ထောက်လှမ်းမှုကို စိုးရိမ်နေကြတဲ့ Customerတွေအတွက်လည်း Googleရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပူပန်မှုတွေ မရှိကြရန်ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အဆိုပါ Encryption Featureကို ဘယ်အစိုးရအဖွဲ့အစည်းကိုမှ ပေးသုံးမှာ မဟုတ်ဘူးလို့လည်း သိရပြီး “ကျွနု်ပ်တို့အနေနဲ့ အစိုးရတွေကို User Dataပေးသုံးတဲ့အခါမှာ ဥပဒေနဲ့အညီ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျွနု်ပ်တို့ရဲ့ ဥပဒေအဖွဲ့အစည်းက အချက်အလက်တစ်ခုချင်း၊ တောင်းဆိုချက်တစ်ခုချင်းကို သေချာစိစစ်သွားမှာ ဖြစ်ပြီး ဘယ်အစိုးရကမှ ကျွနု်ပ်တို့ရဲ့ ဆာဗာကနေ အချက်အလက်တွေကို တိုက်ရိုက်ယူဆောင် သွားနိုင်မှာ မဟုတ်ပါဘူး”ဟူ၍လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မြန်မာအိုင်စီတီ ပရိသတ်ကြီးရော Googleရဲ့ Cloud Storageကို အသုံးပြုကြပါသလား? ဒါဆိုရင်တော့ သင့်ရဲ့ ထင်မြင်ချက်ကို ေ၀မျှပေးသွားပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *