How-to

Touchဖုန်းတွေကို Touchကောင်း၊ မကောင်းဆိုတာ Pointer Locationကဖော်ပြပေးနိုင်

ဒီခေတ်ကလဲ Touchဖုန်းလေးကိုင်မှ လူရာ၀င်သလိုလေး ဖြစ်မှာဆိုတော့ Androidစနစ်သုံး Touchဖုန်းတွေက လူကြိုက်များ ၊ အ၀ယ်များတဲ့ လူသုံးကုန် အသုံးအဆောင်တစ်ခု ဖြစ်လာပါတော့တယ်။ ဒါကြောင့် Androidစနစ်သုံး Touchဖုန်းတစ်လုံး ၀ယ်တော့မယ်ဆိုတော့ သိထားသင့်တာလေးတွေ သိရအောင် ပြောပြပေးချင်ပါတယ်။ ဖုန်း၀ယ်တော့မယ်ဆိုရင် လိုအပ်တာတွေ အများကြီး ရှိပါတယ်။ ဖုန်း CPU၊ Memory ဘယ်လောက်ပါတယ်ဆိုတာ ရောင်းတယ့်ဆိုင်ကို မေးလို့ရသလို ဖုန်းကြော်ငြာတွေကို ဖတ်ပြီး သိနိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းအသစ်စက်စက် တစ်လုံးကို ၀ယ်တော့မယ် ၊ နာမည်ကြီး တံဆိပ်ထဲက ဆိုပါစို့ဗျာ။ ကိုယ်၀ယ်မဲ့ ဖုန်းကို CPU၊ Memoryစသဖြင့် စစ်ပြီးပြီဆိုရင် တစ်ခြားစစ်ရမဲ့ အပိုင်းတွေ ရှိပါသေးတယ်။

ကိုယ်၀ယ်တဲ့ဖုန်းက နာမည်ကြီး တံဆိပ်ထဲက ဆိုပေမဲ့လဲ ဖုန်း၀ယ်တဲ့သူက ကိုယ်၀ယ်တဲ့ ဖုန်းကို မ၀ယ်ခင် စစ်ချင်သေးတာ ထုံးစံဘဲလေ။ ဖုန်းတစ်လုံးရဲ့ဈေးကလဲ နဲမှ မနဲဘဲကို။ ဒီတော့ Touchဖုန်းဆိုတာ Touchကောင်း မကောင်းလဲ စစ်ရဦးမယ်လေ။ Touchကောင်းမကောင်း ဘယ်လိုစစ်ရမလဲဆိုတာ လွယ်ပါတယ်။ Setting ထဲသွားလိုက်ပါ၊ Deceloper Optionsကိုနှိပ်ပြီး Pointer Locationကို အမှန်ခြစ်ပြီး Touchကောင်းမကောင်း စစ်ကြည့်လိုရပါတယ်။ Pointer Locationက ဖုန်းScreenပေါ်ကို ထိလိုက်တိုင်း မျဉ်းကြောင်းတွေနဲ့ ဖေါ်ပြပေးပါလိမ့်မယ်။ Touchမကောင်းတဲ့ နေရာရောက်ရင် မျဉ်းကြောင်းပေါ်လာမှာ မဟုတ်ပါဘူး။ ဒါဆိုရင် Touchကောင်းမကောင်း စစ်လို့ရပါတယ်။  Pointer Locationအောက်က Show Touchesကိုနှိပ်ပြီး စစ်ကြည့်မယ် ဆိုရင်လဲ သိနိုင်ပါတယ်။ ကျွန်တော်ပြောနည်းက ဖုန်းအသစ်တွေကို စစ်နိုင်သလို၊ Touchလဲထားတဲ့ ဖုန်းတွေကို စစ်နိုင်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *