News

LG၏ Monsoon Promotion အစီအစဉ်ကို သြဂုတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်

LG ၏ မိုးရာသီ ပရိုမိုရှင်းအစီအစဉ်ကို ယခင်က သြဂုတ်လ ၉ ရက်နေ့အထိဟုသာ ကြော်ငြာထားခဲ့သော်လည်း ယခုအချိန်တွင် သြဂုတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး L7 စမတ်ဖုန်း စီးရီး၏ ဖုန်းမော်ဒယ် အမျိုးအစားတစ်ခုကိုလည်း ထပ်မံဖြည့်စွက်ထားသည်ဟု LG Electronics မှ ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ LG Monsoon Promotion ကို ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး L7 စမတ်ဖုန်း စီးရီး ဖြစ်သည့် L3, L5, L9, 4X HD, Nexus 4 နှင့် Optimus Gသာ ဈေးလျော့ရောင်းချသည့် ဖုန်းများတွင် ပါ၀င်ခဲ့သော်လည်း L7 စမတ်ဖုန်းအမျိုးအစားကို ထပ်မံဖြည့်စွက်ပေးထားခဲ့ပြီး ကျပ် ၁၈၅,၀၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း LG မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

“ကျွနု်ပ်တို့ရဲ့ မိုးရာသီဈေးလျော့ရောင်းချခြင်း အထူးအစီအစဉ်မှာ Nexus 4 နဲ့ Optimus G ကဲ့သို့သော နည်းပညာမြင့် စမတ်ဖုန်းတွေကို မြန်မာလူမျိုးတို့ရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက သုံးစွဲသူတွေ စိတ်ကျေနပ်မှု ရှိစေမယ့် စမတ်ဖုန်းတွေကိုလည်း ဆက်လက် မိတ်ဆက်ပေးသွားမှာပါ”ဟု LG Myanmar ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr. Min Park က ပြောကြားခဲ့ သည်။

LG Optimus G Proကို မြန်မာနိုင်ငံတွင် သြဂုတ်လ (၁၀) ရက်နေ့မှ စတင်ပြီး ကျပ် ၆၂၉,၀၀၀ ဖြင့် မိုဘိုင်းဖုန်း ဆိုင်များတွင် ၀ယ်ယူနိုင်ကြောင်း ၎င်းက ပြောသည်။ LG၏ ဈေးလျော့ရောင်းခြင်း အစီအစဉ်ကို အသေးစိတ် သိရှိလိုလျှင် www.facebook.com/LGmobilemyanmar တွင် ၀င်ရောက်စုံစမ်းမေးမြန်း နိုင်ပါသည်။

ဈေးနှုန်းအားဖြင့် L3 Model ကို ၉၅၀၀၀ကျပ်၊ L5 Modelကို ၁၄၉၀၀၀ကျပ်၊ L7 Modelကို ၁၈၅၀၀၀ကျပ်၊ 4XHDကို ၃၄၉၀၀၀ကျပ်၊ L9 Modelကို ၂၇၅၀၀၀ကျပ်၊ Nexus 4ကို ၃၉၉၀၀၀ကျပ်နှင့် Optimus Gကိုတော့ ၄၃၅၀၀၀ကျပ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *