How-to

Photoshop သုံးနေရင်း နေရာလွတ်မရှိတော့ဘူးဆိုရင် . . .

ဒီနေ့တော့ photoshop သုံးသူများ ကြုံတွေ့ရတဲ့အကြောင်းအရာလေးကို တင်ပြလိုက်ပါတယ်။
ဒါဟာ ဘာလည်းဆိုတော့ Memory နေရာလွတ်အောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ Photoshop Program ကို အသုံးပြုတဲ့အခါ Memory မလောက်ဘူး (run out of Memory, insuffcient Memory) ဆိုတဲ့ သတိပေးချက် စာသားတွေကို မြင်တွေ့ဖူးပါလိမ့်မယ်။ အများအားဖြင့် Plug-in-Fiter တွေကို အသုံးပြုတဲ့အခါ အတွေ့များ ပါတယ်။ အဲဒါဘာကြောင့်လည်းဆိုတော့ မိမိပြုလုပ်နေတဲ့ ပုံတွေဟာ ပုံအကြီးတွေဖြစ်ပြီး ပြုလုပ်ခဲ့သမျှ အကြောင်းအရာတွေ အတွက် Memory မှာ နေရာယူထားတာ ဖြစ်ပါတယ်။

လုပ်ဆောင်ရမှာကတော့ Edit Menu ထဲက Purge ကို ရွေးချယ်ပါ။ နဂိုက ပြုလုပ်ခဲ့တဲ့ အကြောင်းအရာတွေကို History ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီအခါ ထပ်မံပေါ်လာတဲ့ အကွက်ထဲက ALL ကို Click နှိပ်လိုက်ပါ။ အခုလို Purge နဲ့ ဖျက်ပစ်မယ့် အကြောင်းအရာတွေက နောင်တစ်ချိန်မှာ ပြန်မရတော့ဘူးဆိုတာ သတိပေးတဲ့ ပုံစံကွက်ပေါ်လာပြီး တကယ်လို့ အသုံးမလိုတော့ ရင်တော့ အားလုံးဖျက်ပစ်လိုက်တာ ပိုကောင်းပါတယ်။ ပြီးရင် 0k ကို ရွေးချယ်လိုက်ပါ။ ဒါဆိုရင် မိမိလိုချင်သော နေရာလွတ်ကို ရရှိသွားပြီ ဖြစ်ပါတယ်။

Photoshop အပိုင်းကို ဝါသနာပါလို့ လေ့လာနေဆဲ ဖြစ်ပါတယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *